တစ်ခုသောနံနက်စောစောတွင်
Oh Group ၏ CEO အနားယူလိုက်သော
သတင်းနှင့် သားဖြစ်သူ Oh Sehun အား ကုမ္ပဏီ ကိုလွှဲပြောင်းလိုက်ပြီဖြစ်သော သတင်းတို့မှာ
တောင်ကိုရီးယားနိုင်ငံ၏ ထုတ်လွှင့်သမျှသတင်းchannel တိုင်းတွင်ပျံ့ နှံ့ လျက်ရှိသည်။ကုမ္ပဏီကို တည်ထောင်လာသည့်တစ်လျှောက်
မည့်သည့်အကြောင်းနှင့်မျှ
လူလုံးထွက်မပြခဲ့သော သားဖြစ်သူက
ကုမ္ပဏီ ကိုဦးစီးမည့်သတင်းကြောင့်
လူအများအပြား၏အာရုံစိုက်ခြင်းကိုအပြည့်အဝရရှိနေလေသည်။အဘက်ဘက်မှစောင့်ကြည့်နေသော
မျက်လုံးများသည် Sehun ကို နေရခက်စေသည်။
သို့သော် Appa ကိုပေးထားသောကတိအတိုင်း
သူပြောင်းလဲရမည်။
Appa လိုချင်သည့်ပုံစံအတိုင်းသူနေရတော့မည်။Appa ၏ကတိဆိုတာထက်
သူ့ဘဝ၏ ရည်မှန်းချက် ပန်းတိုင်တို့ ပျောက်ကွယ်သွား၍ သူကိုယ်တိုင်လည်းလမ်းပျောက်နေ၍ဆိုလည်းဟုတ်သည်။ တကယ်တော့ သူ့ ဘဝတစ်ခုလုံးကိုဆုံးရှုံးလိုက်ရတာဖြစ်သည်။
ရာအွန်းအကြောင်းစဉ်းစားမိလျှင်
တစ်စုံတစ်ယောက်၏မျက်နှာက သူ့အတွေးထဲတွင်မြင်ယောင်လာသည်။လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း
စားပွဲကိုထုချလိုက်မိတော့သည်။"Ceo oh...ကျနော် YiXing ပါ.... "
"ဝင်ခဲ့ Hyung......အဆင်ပြေလား? "
"Ceo ပြောသလို သေချာလုပ်ခဲ့ပါတယ်...
သူအထဲရောက်သွားပါပြီ... "Sehun ကျေနပ်ကာ ပြုံးလိုက်သည်။
မင်းတော့ သေပြီမှတ် LUHAN!
____အကျဉ်းထောင်၌ဖြစ်သည်။
အကျဉ်းသားများအား
နေ့ခင်းဘက် မြေကွက်လပ်တစ်ခုတွင်
စုပြီးလွှတ်ထားသည်။
မြက်ခင်းပြင်သည် မြင့်မားသောတံတိုင်းဖြင့်ကာရံထားသည်။တံတိုင်း၏အထက်တွင်လည်း
သံဆူးကြိုးများရှိနေသေးသည်။မြက်ခင်းပြင်ကြီး၏ ထောင့်တစ်နေရာစီတွင် စောင့်ကြည့်သော မျှော်စင်တစ်ခုစီရှိပြီး မျှော်စင်ပေါ်တွင် တာဝန်ကျအရာရှိက သေနတ်ထမ်းလျက်စောင့်ကြည့်နေသည်။

أنت تقرأ
ချိုမြိန်သော...မုန်းတီးခြင်း
أدب الهواةOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...