သစ်လုံးအိမ်ပုံသဏ္ဍာန်ပုံဖော်ထားသော
ဤဆိုင်လေး။ရှေ့မျက်နှာသာတွင်
Deer Bakery ဆိုသော စာလုံးကြီးကြီးဆိုင်းဘုတ်သည်လည်း သစ်သားအရောင် တစ်နည်းအားဖြင့် ပေါင်မုန့် ကြမ်း၏အရောင်ဖြစ်သည်။ပေါင်မုန့်ရှည်ကြီးနှစ်ချောင်းကိုယှက်ထားသည့်ပုံသဏ္ဍာန်က ဆိုင်းဘုတ်ကို ခပ်ဝေးဝေးမှပင်လှမ်းမြင်စေသည်။
ဆိုင်၏မျက်နှာစာ မှန်ခန်းလေးထဲတွင်
တည်ခင်းထားသော ပေါင်မုန့်အချို့သည်
လှပသောပုံသဏ္ဍန်မရှိ
ဆွဲမက်စရာလည်းမကောင်းမြင်လိုက်သည်နှင့် ခြောက်ကပ်ကပ်အရသာကိုသိနိုင်သော
ခပ်ကြမ်းကြမ်းပေါင်မုန့်ရှည်ကြီးများဖြစ်သည်။ထိုဆိုင်လေးထဲတွင်တော့
ဦးထုပ်ဖြူအရှည်လေးကိုဝတ်ဆင်ထားသော
ကောင်လေးတစ်ယောက်ရှိနေသည်။ဂျုံမုန့်တစ်ချို့ပေကျံနေသော မျက်နှာလေးသည်
သူလုပ်နေသောအလုပ်အတွက် အပျော်တစ်ချို့ရှိနေပုံရသည်။မုန့်ဖုတ်ဆော်ဒါနံ့ခပ်မွှေးမွှေးက
ဆိုင်ခန်းတစ်ခုလုံးတွင်ပျံ့နှံ့ နေသလို
ခပ်တိုးတိုးဖွင့်ထားသော classical music သည်လည်း ငြိမ့်ညောင်းစွာထွက်ပေါ်နေသည်။"ဒါတာတာ...ဒါ...တာ့တာ....ဟွန်ဟွန့်ဟွန်...ဟွန်ဟွန့်ဟွန် "
တီးလုံးတွေကို လိုက်ငြီးရင်း
ပေါင်မုန့်တွေကြားအလုပ်ရှုပ်နေတဲ့သူ..."သား "
"ဟုတ်ကဲ့ PaPa ... "
ဆိုင်၏ အနောက်ခန်းမှထွက်လာသော အဖေဖြစ်သူကို ထူးလိုက်ရင်း
နောက်ဆုံးသောပေါင်မုန့်ဗန်းကို ခြင်းတောင်းထဲပြောင်းထည့်လိုက်သည်။"မုန့်သွားသွင်းတော့မလို့လား? "
"ဟုတ်တယ် PaPa... "
အလုပ်ကိုလတ်စသတ်ပြီးနောက်
သူ့ရဲ့အနောက်ဖက်နားမှာရပ်နေဆဲဖြစ်တဲ့PaPaကို
ကူတွဲကာ ထိုင်ခုံဆီပို့ပေးလိုက်သည်။
![](https://img.wattpad.com/cover/143855518-288-k706679.jpg)
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...