ဟွာအွန်းနောက်သို့လိုက်ရန်
လွှတ်ထားသောစုံထောက်များမှ
ဟွာအွန်းကိုနောက်ယောင်ခံမိကြောင်း
သတင်းပေးလာသည့်အခါ
ဟွာအွန်းဦးတည်နေသည်က Luhan တစ်ယောက်တည်းကျန်ခဲ့သောမိမိအိမ်ဖြစ်မှန်းသိလိုက်ရပြီးSehun Company မှအိမ်သို့အမြန်ပြန်လာရတော့သည်။ကားကိုဘယ်လောက်အမြန်နှုန်းနှင့်
လမ်းတွေကိုဘယ်လိုဖြတ်ကျော်ခဲ့လဲမသိ
သူ အိမ်ရှေ့သို့ရောက်ချိန်မှာတော့
ထူးခြားတာတစ်ခုမှမတွေ့ရသေး.........အိမ်ထဲသို့စိတ်စောစွာအလောတကြီးဝင်လာတဲ့အခါ
အရင်ဆုံးတွေ့ရသော ဧည့်ခန်းတွင် Luhan မရှိ.......အောက်ထပ်မှသူ့အခန်းသို့သွားရှာရန်
ပြင်ပြီးမှ တစ်ဖက်မီးဖိုချောင်က ခြေသံကိုကြားလိုက်ရသည်။
Luhan က အောက်သို့ထိုင်ကာတစ်ခုခုလုပ်နေတာကြောင့် ဝင်လာလာချင်းအချိန်က
သူ မမြင်လိုက်ခြင်းပင်။"ကျွတ်ကျွတ်! "
သူ Luhan အနားသို့မြန်မြန်လျှောက်လာသွားလိုက်တော့ ရုတ်တရက်သူ့အားမြင်လိုက်ရ၍Luhan ကအံ့သြနေသည်။
ထို့နောက် လက်ညှိးထိပ်ကို တခြားလက်ဖြင့်ဖိနေသည်ကို သူကြည့်လိုက်တော့ ဓားရှတာဖြစ်နေသည်။လက်ညှိုးထိပ်ကစိမ့်ထွက်လာသောသွေးတို့ကို
မြင်လိုက်ရပြီး သူ့လက်ကိုအမြန်ဆွဲယူကာ
ရေပိုက်ခေါင်းအောက်ထိုးပေးလိုက်သည်။တင်ကျန်နေသောသွေးတို့ရေနဲ့ပါသွားပေမယ့်
ဟစိဖြစ်နေသောအရေပြားမှ
နောက်ထပ်ထွက်ပြူလာသောသွေးတို့် ကြောင့်
သူ ဆွဲယူကာ ခံတွင်းထဲသို့ထည့်ငုံလိုက်သည်။"ဘာလုပ်တာလဲ?! "
Sehun ငုံစုပ်ထားသောမိမိလက်ညှိုးကို
ဆွဲယူပေမယ့် သူကအလွတ်မပေးဘဲလက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားသည်။
သူ့ခံတွင်းသို့ယိုဖိတ်လာသောသွေးစက်များကို
မြိုချလိုက်ပြီး ဟစိဖြစ်နေသောဒဏ်ရာအား
လျှာနှင့်သပ်လိုက်တာမို့ Luhan ကြက်သီးထသွားရသည်။ အစက စပ်ဖြင်းဖြင်းဖြစ်နေသောဒဏ်ရာသည်လည်း နွေးသောသူ့ခံတွင်းထဲမှာ သက်သာလာပြီး သွေးမထွက်တော့ကာမှ Sehun က သူ့လက်အားလွှတ်ပေးတော့သည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...