Luhan လက်ကျန်ပေါင်မုန့်များကို သိမ်းနေရင်းမှ
ကောင်းကင်တွင်တရိပ်ရိပ်တက်လာသော
မိုးသားတိမ်စိုင်မည်းတွေကိုကြည့်ကာ"PaPa....ရေဒီိယိုက ဒီနေ့မိုးရွာမယ်လို့ကြေငြာသေးလား? "
PaPa ကသူ၏ ပက်လက်ကုလားထိုင်တွင်
ရေဒီယိုတစ်လုံးချိတ်လျက်အမြဲနားဆင်နေတတ်သူမို့Luhan မေးလိုက်တဲ့အခါ PaPa က"ဒီနေ့ ရာသီဥတုကြေငြာချက်ကိုသတိမထားမိလိုက်ဖူး... "
"အင်း~....ကြည့်ရတာ...မုန်တိုင်းရှိမယ့်ပုံဘဲ.... "
"ဟုတ်လား...ဒါဖြင့်ဆိုင်မြန်မြန်ပိတ်လိုက်တော့လေကွယ် "
" ဟုတ်ကဲ့PaPa....ဘာဘဲဖြစ်ဖြစ်...ဒီညတော့ မိုးအေးအေးနဲ့အိပ်ကောင်းပြီ..."
PaPa ကသူ့စကားကိုကြားတော့ပြုံးကာ
ဆိုင်၏နောက်ဘက်သို့ဝင်သွားလေပြီ။အကယ်၍ ကောင်းကင်မှတိမ်စိုင်တွေဟာ
မကောင်းဆိုးဝါးတစ်ကောင်လိုကြောက်စရာကောင်းတဲ့ကံကြမ္မာကိုဖန်တီးဖို့ဖြစ်လာတာဟုသာသူသိလျှင် ထိုနေ့ညအတွက် အိပ်ကောင်းခြင်းအိပ်ရမည်ဟုတွေးရင်း
ပျော်ရွှင်မိမှာမဟုတ်ခဲ့။"ဂျိန်း!!! "
ကောင်းကင်တစ်ခုလုံးဟာ လိုအပ်သည်ထက်စောစွာမှောင်မည်းလို့နေသည်။
မျက်စိတစ်ဆုံးအုပ်မိုးလို့နေတဲ့တိမ်မည်းတွေဟာလည်း အင်နဲ့အားနဲ့။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း မိုးရေတွေကြားပျောက်ကွယ်နေရပြီ။
အိမ်ကြီးတစ်ခုလုံးရှိ အကူတွေသည်
ပြတင်းတွေတံခါးတွေကိုလိုက်ပိတ်နေရင်း
ယောက်ယက်ခတ်နေကြသည်။အခုမှ ညစာသုံးဆောင်လို့ပြီးတဲ့Sehun လည်း
မိမိအခန်းသို့ပြန်တက်လာပြီး
ဖုန်းကိုကောက်ယူလိုက်သည်။Sehun၏ appa က sehun ရဲ့ငွေကတ်နှင့်ကားသော့ကိုသိမ်းထားခဲ့ပေမယ့် ဖုန်းကိုတော့ချန်ထားခဲ့သည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...