"ခင်ဗျားတို့ ဘယ်အချိန်ထိ အေးတိအေးစက်လုပ်နေကြဦးမှာလဲပြော?!!!..... "
သူ့အော်သံသည် ရဲစခန်းထဲကျယ်လောင်စွာထွက်ပေါ်လာပေမယ့် စိတ်ပျက်သလို ဂရုမစိုက်သလိုလှမ်းကြည့်လာတဲ့မျက်ဝန်းတွေကို သာ တုန့့်ပြန်မှုအဖြစ်ရလိုက်သည်။
ကားတိုက်မှုအတွက်နဲ့ပတ်သပ်ပြီး ရဲစခန်းမှာလာအမှုဖွင့် တရားခံကိုရှာဖို့ရာ လောဆော်နေသောသူ့ကို စုံထောက်တွေအရာရှိတွေက အဖက်မလုပ်ကြ။ ဘာအာဏာမှမရှိသော သူ့ကို ရိုးရိုးတန်းတန်းလမ်းပေါ်မှဂျစ်ပစီကောင်လေးလိုသဘောထားကာ သောက်ဖက်မလုပ်တော့ သူသောင်းကျန်းမိသည်။ ထိုအခါ ယာယီအချုပ်ခန်းထဲ သူ့ကိုဖမ်းထည့်ထားလေတော့သည်။
Sehun သိနေသည်။
ရာအွန်းလို သူဆင်းရဲမိန်းကလေးတစ်ယောက်သေဆုံးမှုသည် သူတို့အတွက် လမ်းမပေါ်မှခွေးတစ်ကောင်သေဆုံးမှုကဲ့သို့ဖြစ်သည်။
သူတို့အကျိုးအမြတ်ရရှိလာမယ့်အလုပ်မဟုတ်တာမို့ သူတို့တာဝန်ဖြစ်လင့်ကစား သူတို့ချောင်ထိုးထားကြသည်။ ဒီလိုနဲ့ များလှတဲ့ဖိုင်တွဲတွေ အမှုတွဲတွေကြား ရာအွန်း၏အမှုသည် သွေးအေးကာနစ်မြှုပ်သွားလိမ့်မည်။Sehun ဤသို့အဖြစ်မခံနိုင်ပါ။
သူ့ဘဝအတွက် လောဘတက်မိသော တစ်စုံတစ်ခု တစ်စုံတစ်ယောက်တည်းသာဖြစ်တဲ့ သူမကို သူ့ဘဝတွင်းမှဆွဲထုတ်သွားခဲ့သူကို မည်သို့မျှအလွတ်မပေးနိုင်ပါ။"ခင်ဗျားတို့ အခု လိုက်ရင် တရားခံဘယ်မှထွက်မပြေးခင် မိနိုင်တယ်....ဘာလို့ ဒီအမှုကိုဦးစားမပေးရတာလဲ?!!!! "
သံတိုင်တွေကြား အော်ဟစ်နေသော သူ့အနား
စုံထောက်တစ်ယောက်ရောက်လာကာ"မင်းကဘာလဲ?.....မင်းနဲ့ ကင်ရာအွန်းကဘာတော်လဲ?....သူ့မိသားစုကတောင် ဘာမှတွန်းအားမပေးတာ မင်းကဘာလို့ လာဆူနေတာလဲကွ!!!...ငါတို့မှာ ကားတိုက်မှုသေးသေးလေးကိုလိုက်စုံစမ်းပေးဖို့အချိန်မပိုသေးဘူး!!!အဲ့တာတွေနားလည်လား?"
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...