Part-11

8.4K 832 210
                                    

Company ထဲသို့ဝင်​လာ​သော
Sehun ၏​ခြေလှမ်းတို့​ပေါ့ပါး​နေသည်​။
စိတ်​​ကျေနပ်​မှု​ကြောင့်
ချယ်ရီေ​ရာင်​နှုတ်​ခမ်းတစ်​စုံက
ခပ်​​လျော့​လျော့ပြုံး​နေလျက်​......

မ​နေ့ညက
အိမ်​ပြန်​​ရောက်​ကတည်းက အိပ်ယာထက်
နှစ်​နှစ်​ခြိုက်​ခြိုက်​ကိုအိပ်​​ပျော်​သွားတာ
အိမ်​မက်​​ကောင်း​တွေပင်​မက်​​နေ၍
ယ​နေ့မနက်​အိပ်​ယာထ​နောက်​ကျရသည်​။

ဓာတ်​​လှေကားက
သူ့ရုံးခန်းရှိ​နေ​သော အလွှာသို့​ရောက်​ရှိသွားသည်​။
ရုံးခန်းသို့သွား​သော ​လျှောက်​လမ်းထဲကို
သူချိုးဝင်​​တော့မည်​အပြု သူ့ရုံးခန်း၏တံခါးဝ​ရှေ့တွင်​ရပ်​​နေ​သော Yixing Hyung ကို​တွေ့လိုက်​ရသည်​။

Yixing Hyung နှင့်​မျက်​နှာချင်းမှာ ရပ်​​နေသည်​က LUHAN!......

Luhan ၏ မျက်​နှာသည်​ သူအ​ဝေးမှကြည့်​သည့်​တိုင်​ ညိုမဲစွဲ​နေ​သောဒဏ်​ရာများကိုမြင်​ရ​လေသည်​။ဖူး​ယောင်​​နေ​သော မျက်​နှာကိုမြင်​လိုက်​ရ​တော့
သှူ့နှုတ်​ခမ်းတစ်​ဘက်​ကအလိုလို​ကော့တက်​သွား​တော့သည်​။

Luhan ကို သူ့အနားထားပြီး
ကောင်း​ကောင်းနှိပ်​စက်​ဖို့ကသူ့ရည်​ရွယ်​ချက်​။
သူ ထိုသို့နှိပ်​စက်​သမျှ မငြင်းဘဲခံယူရမှာက
Luhan ၏ အပြစ်​ဒဏ်​။
ထို့​ကြောင့်​လည်း သူ့မျက်​နှာက ဒဏ်​ရာအတွက်
Luhan ကို ပြန်​၍တုန့်​ပြန်​ခဲ့သည်​။
သူတုန့်​ပြန်​သည့်​နည်းလမ်းက​ကောင်းလွန်း၍
Luhan သိမှာမဟုတ်​။
မ​နေ့ညက သူမူးကာ လူလွဲ၍ထိုးနှပ်​ခဲ့သည်​ဟုသာထင်​မှတ်​ထားလိမ့်​မည်​။

Luhan ကိုရည်​ရွယ်​ပြီးတိုက်​ရိုက်​​ပေးတဲ့
အပြစ်​ဒဏ်​​တွေကိုသာ သူ​ရွေးချယ်​မယ်​ဆို
ဘယ်​​ပျော်​စရာ​ကောင်း​တော့မလဲ?

Hyung က Luhan ၏လက်​ထဲသို့ အထုပ်​​သေး​​သေးတစ်​ထုပ်​ထည့်​​ပေး​နေသည်​။
လက်​ထဲကအထုပ်​ကိုတစ်လှည့် Hyung ကိုတစ်​လှည့်​ပြန်​​​ကြည့်​​နေ​သော Luhan.....

Sehun Yixing Hyung ကိုတစ်​ချက်​စိုက်​ကြည့်​ပြီး နှူတ်​ခမ်းကအပြုံး​တွေကိုရုတ်​သိမ်းလိုက်​သည်​။
ထို့​နောက်​ Sehun သူတို့အနားကို​လျှောက်​လာ​တော့ Yixing Hyung က ​ဦးညွတ်​အရိုအ​သေပြု​ပေမယ့်​ Luhan က​တော့ သူ့လက်​ထဲက​ဆေးထုပ်​ကိုသာအာရုံစိုက်​​နေသည်​။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now