"ဟုတ်ကဲ့...ဒါဆို....ကျနော်တို့ နောက်မှထပ်
တွေ့ကြတာပေါ့ ""ဟုတ်ကဲ့.....ကောင်းပါပြီ "
ရှယ်ယာရှင်တစ်ဦးနှင့်လက်ဆွဲနှုတ်ဆက်ကာ
လမ်းခွဲခဲ့ပြီးနောက်
သူ Hyung စောင့်နေသော ကားပေါ်သို့တက်လိုက်သည်။"အခု ဘယ်ကို ပို့ပေးရမလဲ?CEO Oh "
နောက်သို့မြင်ရသောမှန်တဆင့်
လှမ်းကြည့်လိုက်တဲ့အခါ
ကားကူရှင်ကိုခေါင်းမှီလျက်
မျက်လုံးတွေမှိတ်ကာနားနေတဲ့Sehun.......Yixing အလိုက်တသိနှင့်
တိတ်တဆိတ်နေပေးလိုက်ပြီး
ခဏအကြာ သူက မျက်ရိုးတွေကိုလက်နှင့်ဖိနှိပ်နေရင်းမှ"ဒီနေ့အတွက် Schedule က ဒါဘဲမလား? "
" ဟုတ်ပါတယ်..."
"ဒါဆို အိမ်ပြန်ရအောင် Hyung..... "
Yixing ခေါင်းငြိမ့်လိုက်သည့်အခါ
သူကမျက်စိတွေပြန်မှိတ်သွားပြီး
ခေါင်းကိုမှီထားလေတော့သည်။ဒီတစ်ပတ်အတွင်း အလုပ်တွေဆက်နေသည်ကြောင့် Sehun အတော်ပင်ပန်းနေပုံရသည်။
တကယ်တော့
အလုပ်တွေက ထူးထူးခြားခြားများလာသည်မဟုတ်။ Sehun ကိုယ်တိုင်က ဖိတွန်းကာလုပ်နေခြင်းကြောင့်ပင်။ ယခင်က တခြားသူတွေနှင့်လွှဲလေ့ရှိသောအလုပ်များကိုပါ သူကိုယ်တိုင်ဝင်လုပ်လာတော့ နားချိန်ကမရှိသလောက် ဖြစ်နေတော့သည်။အလုပ်တွေထဲခေါင်းနှစ်ပြီး
နေရတဲ့ဘဝကို Sehun မုန်းတာ Yixing အသိဆုံးဖြစ်သည်။
အခုလို အလုပ်တွေကုန်းလုပ်နေသည်မှာ သူစိတ်ပျော်လို့မဟုတ်။
သူ့စိတ်တွေကိုပြောင်းရန်ဖြစ်သည်။တငြိမ့်ငြိမ့်ရွေ့လျားနေသောကားသည်
ရပ်သွားတာမို့ Sehun အိမ်ရောက်ပြီထင်မှတ်ကာ
မျက်စိတွေကိုဖွင့်လိုက်တော့ သူတို့ မီးပွိုင့် မိလို့ ခေတ္တရပ်နေခြင်းသာဖြစ်သည်။လေးလံနေတဲ့ မျက်တောင်တွေကိုအနည်းငယ်ပုတ်ခတ်ရင်း ကားမှန်မှတဆင့် နံဘေးသို့ကြည့်လိုက်တဲ့အခါ သူ့မျက်ခုံးတွေပင့်တက်သွားရသည်။
VOCÊ ESTÁ LENDO
ချိုမြိန်သော...မုန်းတီးခြင်း
FanficOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...