"Ceo oh nim....ကျနော်ရောက်ပါပြီ!"
Yixing ဝင်လာတော့
Sehun သည် သူ့ရဲ့အလုပ်စားပွဲတွင်ရှိနေပြီး
လက်ထဲမှ CD ပြားတစ်ချို့ကို ဖင်ပြန်ခေါင်းပြန်ကြည့်နေသည်။Sehun ၏စားပွဲပေါ်တွင်တော့
ကြွပ်ကြွပ်အိတ်အနက်တစ်လုံး....မဟုတ်မှ?
"သွားရအောင် Hyung!....ကျနော့်CD တွေကိုအသက်နဲ့ရင်းပြီးသွားယူပေးတဲ့ LUHAN ကို ကျနော်လူနာသွားမေးသင့်တယ်မလား? "
CD တွေကိုချလျက်
သူ့အနားလျှောက်လာရင်း Sehun က ပြောသည်။သူ Sehun ကိုအံ့အားသင့်စွာငေးကြည့်မိသည်အထိ.......။
ကုတ်ကိုကျကျနနဝတ်လျက်
ဆံပင်ကိုအနည်းငယ် လက်နဲ့ပုံသွင်းနေသော
Sehun .....သူ့ရဲ့ ဘာမှတန်ဖိုးမရှိတဲ့ CD ခွေတွေကို
အကြောင်းပြုပြီး ကိစ္စအကြီးကြီးကိုဖန်တီးလိုက်တာပါလား......
Luhan ကိုပစ္စည်းသွားယူဖို့အမိန့်ပေးတာလည်းသူ....
အဲ့ဒိပစ္စည်းကိုလာပို့တာလည်းသူ့လူ.....
ပစ္စည်းကိုလုပြေးတာလည်းသူ့လူဖြစ်ပြီး......
Luhan ကိုမသေရုံတမယ်ရိုက်နှက်သွားတာတွေလည်းသူ့လွှတ်သောလူတွေသာ....ဒါကိုဘာမှမသိရှာတဲ့Luhan က
ဆေးရုံမှာ သွေးအလမ်းလမ်းဖြစ်နေတာတောင်
Sehun ၏ အရေးကြီးသောပစ္စည်းထုပ်အလုခံလိုက်ရတာကိုစိတ်မကောင်းကာ
Yixing မှတဆင့်တောင်းပန်စကားပြောလိုက်သေးသည်။"Sehun ah.....မင်းဘာလို့ ဒီလောက်..... "
အေးစက်သောမျက်ဝန်းများသူ့ဆီရောက်လာချိန်မှာ သူ့စကားတို့ရှေ့မဆက်နိုင်။
ဘာလို့များ ဒီလောက်သွေးအေးတာလဲ?
သူ့ကိုမျက်လုံးအသေများဖြင့်စက္ကန့်အနည်းငယ်စိုက်ကြည့်နေပြီးတဲ့နောက်
ကော့တက်လာသောနှုတ်ခမ်းစွန်းများ...."သွားရအောင်လေ......
ဘယ်ဆေးရုံမှာလဲ? Hyung..... "သူ့မှာဘာမှပြောခွင့်မရှိပါ။
သူဆိုတာက Sehun ၏ အသက်ဆယ့်ရှစ်နှစ်ပြည့်သည့်နေ့က Sehun အတွက် ခန့်အပ်ခြင်းခံခဲ့ရသည့် သက်တော်စောင့်တစ်ယောက်။
သူ့ရဲ့တာဝန်က Sehun ကိုစောင့်ရှောက်ရန်....Sehun ၏အမိန့်ကိုနာခံရန်သာဖြစ်သည်။
သံပတ်ပေးထားသောစက်ရုပ်တစ်ရုပ်လို
တသွေမတိမ်းနာခံရင်း သူပို့ဆောင်ခိုင်းသည့်နေရာဆီသို့.........
![](https://img.wattpad.com/cover/143855518-288-k706679.jpg)
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...