Part-22

9.9K 961 185
                                    

ဆေးရုံ၏ ​ကော်​ရိုက်​ဒါတွင်​ရပ်​​နေ​သော
ခါး​ထောက်​ကာရပ်​​နေ​သော Sehun ၏ အနားတွင်​ Yixing Hyung ကအဆင်​သင့်
အ​နေအထားနှင့်​ရပ်​​နေသည်​။

ထိုမကျဉ်းမကျယ်​​သော​လျှောက်​လမ်း​ပေါ်တွင်
ဘယ်​ညာလူးလွန့်​​နေ​အောင်​ ​လျှောက်​ရင်း
ကြိတ်​မနိုင်​ခဲမရဖြစ်​​နေ​သောSehun က.......

"CCTV ​တွေ​သေချာမစစ်​ဖူးလား? "

"အခင်းဖြစ်​တဲ့​နေရာမှာ ​လေးဘက်​​လေးလံရဲ့CCTV မရှိဘူး....​ထောင့်​တစ်​​နေရာကရိုက်​ထားတာဘဲရှိပြီး.....အဲ့ဒိလူက Mask အုပ်​ထားတာ​ကြောင့်​ မသဲကွဲပြန်​ဘူး....ထွက်​​ပြေးသွားတဲ့လမ်း​ကြောင်းအတိုင်းCCTV ​တွေမှာ​ပေါ်တာ​ကြောင့်​ အရပ်​အ​မောင်းအလုံးအထည်​​လောက်​ဘဲသိလိုက်​ရတယ်​......"

"​တောက်​! "

Luhan က​ဆေးရုံ​ပေါ်မှာ
အ​ရေး​ပေါ်ခွဲစိတ်​မှုခံယူပြီး
လဲ​နေတာ နှစ်​ရက်​ပင်​ရှိပြီ။
ခွဲစိတ်​မှုလုပ်​ပြီး ​ကတည်းက
သတိဝင်​လာတာနှစ်​ကြိမ်​သာရှိ​သေးသည်​။
သူတို့​ဆေးရုံကို​ရောက်​လာတဲ့အချိန်​မှာ
သွေးလို​နေတာ​ကြောင့်​သူ​သွေးထုတ်​​ပေးခဲ့ရ​သေးသည်​။ ဆရာဝန်​​တွေက​တော့ အသက်​အန္တာရယ်​အထိစိုးရိမ်​စရာမလို​တော့ဘူးဟု​ပြောလာ​​ပေမယ့်​ သူ့စိုးရိမ်​မှုကနည်းနည်းမှမ​လျော့။

သူ့လက်​ထဲတွင်
သွေးပွက်​ပွက်​အန်​ကာ
သတ်​လစ်​သွား​သောLuhan.......

ယခုလည်း ​ဆေးရုံကုတင်​ထက်​တွင်
ဖျော့​တော့လွန်းစွာလဲ​လျောင်း​နေသည်​။

"ဘယ်​သူကလဲ?!!.....
ဘယ်​သူကဒီလိုလုပ်​တာလဲ?!! "

အံတင်းတင်းကြိတ်​ရင်း
ရင်​ထဲမှမချိမဆန့်​ခံစား​နေရ​သော
ဝေဒနာကိုအသံထုတ်​​အော်ဟစ်​​မိ​တော့
တိတ်​ဆိတ်​ငြိမ်​သက်​​နေ​သော ​ဆေးရုံနံရံများကြား
သူ့​ဒေါသသံသည်​ ကျယ်​​လောင်​စွာမြည်​ဟီးသွား​တော့သည်​။

သူ့အနား ​ခေါင်းငုံ့ငြိမ်​သက်​​နေ​သော
Hyung က သူ့ရဲ့အသက်​ရှူသံပြင်းပြင်းကိုငြိမ်​​အောင်​​စောင့်​ပြီးမှ

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now