ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုကို
သူနှင့်အတူ Luhan လိုက်လာရသည်။
ဆိုးလ်နှင့်ဒီလောက်ဝေးသောနေရာကို
သူဘာလို့ရွေးချယ်လဲဟုမေးတော့
သူ့ အမေ၏ဇာတိမြို့ဟုပြောပြသည်။ငါးဈေးနှင့်နီးသော ရပ်ကွက်တစ်ခုမှာ
အတော်အသင့်ကျယ်ဝန်းသော
အိမ်လေးတစ်လုံးကိုငှါးခဲ့ကြသည်။အိပ်ခန်းတစ်ခန်းသာ အခန်းဖွဲ့ထားခြင်းဖြစ်ပြီး
မီးဖိုချောင်နှင့်ဧည့်ခန်းကတော့ တစ်ခုစီသပ်သပ်မဟုတ်ဘဲ အိပ်ခန်း၏အပြင်ဘက်
တစ်နေရာထဲမှာသာရှိသည်။ အပြင်ကိုထွက်လိုက်လျှင် လမ်းမသို့တန်းမရောက်ဘဲ မြေကွက်လပ်ငယ်လေးရှိသေးပြီး ရေဘုံပိုင်သည်လည်းထိုကွက်လပ်မှာပင်ရှိသည်။ယူလာသောအသုံးအဆောင်တစ်ချို့ကို
နေရာချပြီးနောက် သူနှင့် ဈေးကိုလိုက်ခဲ့ဖို့
ခေါ်တာကြောင့် Luhan လိုက်သွားဖြစ်သည်။ဈေးထဲသို့ဝင်လိုက်တာနှင့်
လျှောက်လမ်းတစ်လျှောက်တွင်
ပုံးကြီးပုံးငယ်များဖြင့်ရောင်းနေကြသော
ငါးသည်များ........အပြိုင်အဆိုင်ဈေးခေါ်ရင်း
ငါးအရှင်များကိုကိုင်မြှောက်ကာ
ယူပါဦး...ဝယ်ပါဦးနှင့်ရောင်းနေကြသည်။
ယခုမနက်မှ ပိုက်ကွန်သိမ်းလာသော ငါးများဖြစ်တာကြောင့် လတ်ဆတ်တဲ့ငါးတွေက ပုံးထဲမှခုန်ခုန်ထွက်လာတာသေးတာမို့Luhan နံဘေးမှသူ့လက်မောင်းအား ဆုပ်ကိုင်မိသေးသည်။သူကပြုံးကြည့်လာချိန်မှာတော့
လက်ကိုလွှတ်လိုက်သော်လည်း
သူက Luhan ၏ လက်ဖဝါးထဲသို့
သူ့လက်ချောင်းများအားသော့ခတ်သလို
ဆုပ်ကိုင်လိုက်တော့သည်။ဒီလိုနဲ့ ထိုငါးဈေးထဲပတ်သွားရင်း
သူစိတ်ဝင်စားတဲ့အခါလည်း
အသည်ရှေ့တွင် ငုတ်တုတ်ထိုင်ရင်း
စပ်စပ်စုစု..ဟိုမေး..သည်မေး..လုပ်သေးသည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...