Luhanကို ဆေးရုံကဆင်းလာကတည်းက
သူ့အိမ်မှာခေါ်ထားခဲ့သည်မှာ တစ်ပတ်ရှိလေပြီ။
ခွဲထားသောဒဏ်ရာသည်
တဖြေးဖြေးကျက်လာပေမယ့်
အရမ်းကြီးလှုပ်ရှားသွားလာလို့တော့မရသေး။
လှေကားအတက်အဆင်းလုပ်စရာမလိုသော
အောက်ထပ်မှဧည့်သည်ခန်းတွင်သာနေစေသည်။ဘာအလုပ်မှလည်းမခိုင်းဘဲ
Company သို့လည်းလိုက်စရာမလို......Luhan၏အနားတွင် အစာချိန်တန်အစာ...
ဆေးချိန်တန်ဆေး...သတိပေးရန်နှင့်
ပြင်ဆင်ပေးရန်လည်း Day Nurse တစ်ယောက်ကိုဆေးရုံမှခေါ်လာခဲ့သေးသည်။Luhanက မလိုဘူးပြောသော်လည်း
သူက သူကိုယ်တိုင်ပြုစုပေးနိုင်မှာမဟုတ်လို့ဟုပြောလာသည်။ ကြည့်ရတာ ဒီတစ်ခေါက် sehun သူ့ အပေါ်အပြစ်ပေးတာ နည်းနည်းလွန်သွားတယ်လို့ခံစားရလို့ပြန်လိုက်လုပ်ပေးနေတာဖြစ်မည်။
နောက်ပြီး သူကတရားခံအစစ်မဟုတ်တာကို သိလို့စိတ်လျှော့သွားတာလည်းဖြစ်နိုင်သည်။ညနေ ၃ နာရီထိုးနေလေပြီ။
အရင်နေ့တွေက သူဒီလိုချိန်ဆိုပြန်လာနေကြမို့
Luhan အလိုလိုအိမ်ပေါက်ဝကိုလှမ်းကြည့်ရင်း သူ့အားမျှော်မိသည်။ အနားတွင်အမြဲရှိနေသော Nurse သည်လည်း luhanနှင့်စကားစမြည်ပြောရင်း သူ့အလာကိုစောင့်နေလေသည်။ သူပြန်လာမှ သူမလည်းပြန်လို့ရမှာလေ။နောက်ထပ်နာရီဝက်အကြာမှာတော့
ခြံထဲသို့သူ့ကားဝင်လာတော့သည်။ဧည့်ခန်းတွင် အတူရပ်နေသော
Luhanတို့အနားကိုသူကရောက်လာပြီး"Luhan....ဆေးရောသောက်ရဲ့လား? "
"သောက်ပါတယ်!... "
"ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ? ထိုင်လေ!.....ဆရာမ ကလည်း သူ့ကိုဇိုးဇိုးဇက်ဇက်မတ်တပ်မရပ်စေနဲ့လေ "
သူဝင်လာလာချင်း
စိတ်ကဆောင်ပြီး ဇက်ခနဲမတ်တပ်ရပ်မိတာကို
သူကမြင်ပြီး နံဘေးမှ Nurse အားငေါက်တော့သည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...