Part-9

8.4K 870 170
                                    


"ရှင်​ မပြန်​သေးဘူးလား? "

Luhan ​ဟိုတယ်​ရှိရာဆီ​ရောက်​လာချိန်​တွင်
လက်​မှတ်​ထိုးပွဲကပြီးသွားပြီဟုသိရသည်​။
သို့​သော်​ ဂျီ​ယောင်းသည်​ဤအ​ဆောက်​အအုံထဲမှထွက်​မလာ​သေး။
ဟိုတယ်​ဝန်​ထမ်းကို မင်​ဂျီဟွန်းနှင့်​​တွေ့ချင်​သည်​ဟု​ပြော​သော်​ သူ့ပုံစံကိုကြည့်​ပြီး ​ဂျီ​ယောင်းကိုအ​ကြောင်းမကြား​ပေး။
ပေကပ်​ကာ ရပ်​​စောင့်​​နေ​သောသူ့ကို
Reception မှဝန်​ထမ်းမ​လေး​တွေက
တစ်​​ယောက်​ပြီးတစ်​​ယောက်​ ထွက်​သွားဖို့လာ​ပြော​နေကြ​သော်​လည်း သူရပ်​​စောင့်​​နေမိသည်​။

ဂျီ​ယောင်းရှိရာဆီသွား​တွေ့လို့မရရင်​လည်း
ဟိုတယ်​မှပြန်​အထွက်​ကိုရ​အောင်​တားမည်​ဟုသူဆုံးဖြတ်​ထားသည်​။
PaPa ဘယ်​​ရောက်​​နေလဲ?
ဘာဖြစ်​သွားတာလဲ?ဆိုတာ​တွေကို ဂျီ​ယောင်းသာသိမည်​။

"ရှင်​ သွားပါ​တော့!.....ရှင့်​​ကြောင့်​ဧည့်​သည်​​တွေအ​နှောင့်​အယှက်​ဖြစ်​လိမ့်​မယ်​!....မင်းသမီးဂျီဟွန်းက ရှင်​လိုလူကိုအ​တွေ့ခံမှာလည်းမဟုတ်​ဖူး!.... "

"မင်းတို့ သူရှိရာကိုမ​ပြောပြချင်​​နေ...ငါ့ဘာသာ ဒီမှာရပ်​​စောင့်​မယ်​! "

Luhan ခပ်​ပြတ်​ပြတ်​​ပြောကာ
နေရာမှမ​ရွေ့။
ဧည့်​သည်​တစ်​ချို့ကလည်းကြည့်​ကွက်​ကြည့်​ကွက်​နှင့်​လုပ်​သွားကြသည်​။

သူ့ပုံစံကလည်း အ​ရောင်​လွင့်​​နေ​သော ဂျင်း​ဘောင်းဘီခပ်​နွမ်းနွမ်းကို အပြဲတစ်​ချို့ပါ​သောတီရှပ်​စုတ်​နှင့်​မဟုတ်​လား။
ထောင်​ထဲမှာရှိစဉ်​ ​နေပူထဲအလုပ်​ကြမ်းလုပ်​ခဲ့ရသည်​များလည်းရှိ​တော့ အသားအရည်​ကလည်းညစ်​​နေပြီး မရိတ်​မသင်​ထား​သောမုတ်​ဆိတ်​​မွေး​ရေး​ရေးနှင့်​ ဖွာ​နေ​သောဆံပင်​ရှည်​ရှည်​တို့ကလည်း ဤဟိုတယ်​နှင့်​မလိုက်​ဖက်​စွာစုတ်​ပဲ့​နေပြန်​သည်​။

"ရှင်​ရူး​နေလား? "

သူတို့​တွေးလည်း​တွေးချင်​စရာ။
ထိုကဲ့သို့​သော ပုံစံနဲ့Luhan က နာမည်​ကြီးမင်းသမီးကိုမှ​တွေ့ချင်​ပါတယ်​လုပ်​​နေတာမဟုတ်​လား။

ချိုမြိန်သော...မုန်းတီးခြင်းWhere stories live. Discover now