Luhan နိုးလာတော့ နွေးထွေးတဲ့ အိပ်ယာတစ်ခုပေါ်ရောက်နေခြင်းဖြစ်သည်။
အခန်းကိုမြန်မြန်စူးစမ်းလိုက်တော့ အရင်ကတစ်ကြိမ်ရောက်ဖူးသလိုခံစားလိုက်ရသည်။ကုတင်ပေါ်တွင် သူ ငုတ်တုပ်ထိုင်ကာ
စဉ်းစားနေစဉ် အခန်းတံခါးပွင့်လာပြီး
Sehun သည် ဗန်းတစ်ချပ်ကိုသယ်ရင်းဝင်လာသည်။Sehun ရဲ့အိမ်?
ဘယ်ကနေ .....ဘယ်လိုဖြစ်ပြီး......
သူတွေးနေစဉ်မှာပင်
Sehun ကသူ့ကုတင်ဘေးလာထိုင်ပြီး
သယ်လာသောဗန်းကို သူ့ပေါင်ပေါ်တင်ပေးသည်။"စားလိုက် "
စဉ်းစားစမ်း!
မနေ့ညက သူ့ကိုSehun လာခေါ်တာလား?
သူ ဆိုင်ရှေ့မှာမေ့သွားခဲ့တာထင်တယ်!
ဒါမယ့် Oh Sehun က လာခေါ်ပါ့မလား?
ဒီလိုဖြစ်အောင် တမင်လုပ်ထားတာကိုလေ.....Sehun အား ပြူးကြောင်ကာကြည့်နေဆဲသူ့ကို
" ဘာကြည့်နေတာလဲ?....မြန်မြန်စား! ပြီးရင်ဆေးသောက်ရဦးမှာ!"
"အွန်းးပါ "
သူထမင်းစားပြီးတော့လည်း
ဆေးတိုက်သည်။
အနာပေးပြီးဆေးပေးနေသောSehunသည်
နောက်ထပ်ဘယ်လိုအစီအစဉ်မျိုးကြံစည်ထားပြီးပြီလဲဟုတွေးမိသည်။" Luhan....မင်းကအရူးလား?"
"Hmm? "
" ငါပြောတဲ့လူ မလာရင်လည်း
ထပ်စောင့်မနေဘဲ အိမ်ပြန်လေ!! ""မင်းဘဲ....မလာမချင်းစောင့်လို့ပြောထားပြီး "
Luhan မကျေမနပ်အတွန့်တက်လိုက်တော့
သူက စိုက်ကြည့်လာပြီး"ငါကအဲ့လိုပြောတိုင်းမင်းနာခံမှာလား? "
"......... "
"ဒါဆို....ငါပြောမယ်!.....Park Chanyeol နဲ့မပတ်သပ်နဲ့ "
"Hmm?....အဲ....မနေ့က....မနေ့ကသူနဲ့တွေ့သေးလားဟင်? "
Park Chanyeol နှင့်မပတ်သပ်ဖို့
တားဆီးနေသောသူ့ရှေ့တွင်
ထိုလူ့အကြောင်းစိုးရိမ်တကြီးထမေးလာ၍
Sehun စိတ်တိုသွားသည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...