နှစ်ရက်မြောက်နေ့။
Oh Sehun နှင့်တွေ့ခဲ့ပြီးနှစ်ရက်မြောက်သောနေ့။
Luhan ထိုCompanyအဆောက်အအုံရှေ့နောက်တစ်ခေါက်ပြန်ရောက်လာရသည်။
ဝင်ရ မဝင်ရ ဝေခွဲရင်း
ထိုနေ့ကအကြောင်းကိုပြန်စဉ်းစားမိသည်။ငါ့ရဲ့ကျွန်!
" hk!....ကျွန်?....ဒီကောင် သောက်ရူးလား?"
စတွေ့ကတည်းက မျက်နှာပေးကိုသဘောမကျခဲ့တာ ထိုစကားတစ်ခွန်းကသူ့ရဲ့ထိန်းထားသောဒေါသအားလုံးကိုပွင့်ထွက်လိုက်စေသည်။
စိတ်တိုတိုနဲ့ထိုးကြိတ်ခဲ့မိတာ
သူ့ရဲ့လက်ထောက်ဆိုသူ ဝင်လာပြီး ဆွဲမှရပ်တန့်မိသည်။အထိုးခံရတာတောင် ပြုံးနေတဲ့ Oh Sehunရဲ့မျက်နှာကိုသူအခုထိမမေ့သေး။ဒီအသက်အရွယ်လောက်နဲ့
ဘာလို့ဒီလောက်ရက်စက်သွေးအေးနေရလဲသူ
မတွေးတတ်။Luhan သူ့ငွေတွေကိုမဆပ်ဖူးဟုမပြော။
ရှာနိုင်ဖို့အချိန်လုံလုံလောက်လောက်ကိုဘဲလိုချင်တာဖြစ်သည်။သို့သော် နည်းနည်းမှညှိမရသော ထိုလူသည် အမြတ်ကြီးစားလား?ကိုယ်ချင်းမစာတတ်တာလား?ဘယ်လိုမှတွေးမရ။ထိုနေ့ကပြန်လာပြီး
ငွေရဖို့အလုပ်တွေစုံစမ်းသည်။
သို့သော် လိုအပ်သောငွေတွေအားလုံးကို ထိုအလုပ်တွေမှလည်းမစုဆောင်းနိုင်တာသေချာနေသည်။
ချေးငွေကိုပြန်ဆပ်ဖို့ရာ နောက်ထပ်ချေးငွေယူဖို့ရန်လည်းမဖြစ်။ အခုဆို သူ့မှာချပြစရာပိုင်ဆိုင်မှုတစ်ခုတောင်မရှိတော့တာမဟုတ်လား။ သူရ ထားတဲ့ဘွဲ့နဲ့အလုပ်လျှောက်ဖို့ပြင်ဆင်ခဲ့ပေမယ့် ထောင်ကျခဲ့သောအမည်းစက်တစ်ခုနဲ့ပင် ဘယ်လုပ်ငန်းကမှအလုပ်မပေးချင်ပြန်။ဂျီယောင်းမှာဆိုလျှင် ထိုငွေပမာဏရှိနေမည်မှာသေချာသော်လည်း သူ မတောင်းခံလို။
သူ့မှာ တင်းခံနေသောမာနကရှိနေသေးသည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...