ကုတင်ပေါ်တွင် ကျကျနနအိပ်ပျော်နေဆဲဖြစ်သော Luhan ကို တစ်ချိန်လုံးလက်ပိုက်ကာ
ရပ်ကြည့်နေသော
Sehun ၏အနားသို့ Yixing Hyung ရောက်လာပြီး" သူ့ကိုအိမ်ပြန်ပို့လိုက်ရတော့မလား?"
Sehun Luhan ကိုငုံ့ကြည့်ရင်း ခဏတာတိတ်ဆိတ်နေသည်။
Luhan သည်လည်း တစ်ချက်ချက် တအင်းအင်းငြီးငြူနေသည်။"ထားလိုက်တော့!.....ဆရာဝန်ခေါ်ခဲ့ပြီလား? "
Hyung ကခေါင်းငြိမ့်ပြပြီး
အခန်းထဲမှထွက်သွားသည်။
ထို့နောက် ခေါ်လာသောဆရာဝန်ကဝင်လာပြီမို့
Sehun ကုတင်နားမှာရပ်နေရာမှ
အနည်းငယ်နောက်ဆုတ်ပေးလိုက်သည်။ဆရာဝန်က စစ်ဆေးစရာရှိသည်ကိုစစ်ဆေးပြီးနောက် Luhan ဝတ်ထားသောရှပ်အင်္ကျီအား
ကြယ်သီးများဖြုတ်လိုက်သည်။
Sehun မျက်မှောင်ကြုတ်ကာဆက်ကြည့်နေသည်။လစ်ဟာသွားသောLuhan ၏ရင်ဘတ်နှင့်
ဗိုက်သားပြင်သည် အညိုအမဲစွဲရာများရှိနေပြီး
သေရာပါနိုင်လောက်သော အမာရွတ်များကိုလည်းတွေ့လိုက်ရသည်။ဆရာဝန်က သူ့ရဲ့ဒဏ်ရာတစ်ချို့ကိုဖိကာစစ်တော့ ရှံ့မဲ့သွားသောသူ့မျက်နှာ......
လက်ဖျံအား ဆေးတစ်လုံးထိုးပေးပြီးနောက်
သောက်ဆေးတစ်ချို့အား
Sehun လက်ထဲသို့ထည့်ပေးလာသော
ဆရာဝန်သည်" သူ့မှာပြင်းထန်တဲ့အတွင်းဒဏ်ရာတွေရှိနေတယ်.....ဆေးရုံကိုလွှတ်ပေးပါ....သေချာမပျောက်ကင်းသေးဘဲ ဒီတိုင်းထားရင်ပိုဆိုးကုန်လိမ့်မယ်....အခုသူနိုးလာရင်တော့ ဒီဆေးတွေ သောက်ခိုင်းလိုက်ပါ ပြီးတော့ အဖျားရှိ နေတယ်.....ဒီည သူ့ကိုယ်ကိုရေပတ်တိုက်ပေးလိုက်ပါ"
Sehun ဆရာဝန်အားပြီးပြီးရောခေါင်းမြန်မြန်ငြိမ့်ပြလိုက်ကာ Yixing Hyung အားပြန်ပို့ခိုင်းလိုက်တော့သည်။
အိပ်ပျော်နေသောLuhan ကိုတစ်ချက်ကြည့်ကာ
သူ့အင်္ကျီလက်တွေကိုခေါက်တင်ရင်း
ရေတစ်ဇလုံနှင့်အဝတ်ကိုယူပြီး
သူ့နံဘေးထိုင်လိုက်သည်။
YOU ARE READING
ချိုမြိန်သော...မုန်းတီးခြင်း
FanfictionOh Sehun ♡ LuHan မင်းကိုမုန်းတယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်ချိန်ထဲမှာပဲ ချစ်တယ်... မင်းကို သေလောက်အောင် ချစ်တာ ... မင်းကိုမုနး်တယ်... နာကျည်းလွန်းလို့ ... မခံမရပ်နိုင်ဖြစ်လွန်းလို့... တစ်...