1

25.9K 1.1K 67
                                    

UNICODE

14 ရာစုအဦးပိုင်းခေတ် ဂျိုဆွန်းပြည်တွင်
ထယ်ဝမ်မင်းကြီး အုပ်စိုးစဉ်အခါဖြစ်သည်။ ။

တရားမျှတစွာ စီရင်အုပ်ချုပ်နိုင်ခြင်းကြောင့်
ဘုရင်မှာ တိုင်းသူပြည်သားတို့၏လေးစား ချစ်ခင်အားထားမှုကို အပြည့်အဝ ပိုင်ဆိုင်ထားသည်။

ထို့အပြင် သားတော်အကြီးဆုံးဖြစ်သော
မူရောအိမ်ရှေ့စံမှာလည်း တိုင်းပြည်၏
အားအထားရဆုံး အင်အားကြီးမားသည့် စစ်တပ်ဖြစ်သည့် ဂိုတပ်ဖွဲ့ကို အုပ်ချုပ်ရသည့် စစ်သူကြီးတစ်ဦးလည်း ဖြစ်သည်။

သားတော်တို့က လိမ္မာကြသည့်အလျောက် တချို့သော အရွယ်ရောက် သမီးတော်တို့မှာလည်း မြောင်နိုင်ငံ၊ဝမ်နိုင်ငံ စသည်တို့မှာ
ကြင်ယာတော်အဖြစ်သွားရောက်နေထိုင်လေသဖြင့် ဂျိုဆွန်းပြည်သည် နိုင်ငံဆက်ဆံကူးသန်းရေးဖက်မှာလည်း သူများနဲ့မတူ သာလွန်စွာကောင်းမွန်လှပေသည်။

ထယ်ဝမ်ဘုရင်အုပ်စိုးစဉ်တွင် မိဖုရားကြီး၏
လက်ဝဲလက်ယာဖြစ်သော နိုယွန်မျိုးနွယ်စု၏
အာဏာမှာ အုပ်ချုပ်မှုတွင် အရာရေးရေးမျှပင် မထင်ချေ။ ထို့ကြောင့် ထိုမျိုးနွယ်စုမှာ တစ်နေ့နေ့ဆိုသည်ကိုသာ စောင့်စားရင်း အခွင့်သာမည့်အချိန်ကိုသာ တိတ်တဆိတ် လက်သည်းဝှက်ကာ မျှော်လင့်နေကြရသည် မဟုတ်ပေလား ။

အထင်ကရနေရာပေါင်းမြောက်များစွာမှာ ဂျိုဆွန်းပြည်ကြီးတွင် တည်ရှိသည့်အလျောက် ထိုအားလုံးထဲမှာမှ ဆောင်ကျန်ကွမ်အမည်ရ ဂျိုဆွန်းပြည်၏ နာမည်အကြီးဆုံး အမြင့်မြတ်ဆုံး ကျောင်းတော်ကြီး။

နန်းတွင်းမှ အမတ်တို့ရဲ့ သားတော်၊တိုင်းပြည်မှ လူချမ်းသာတို့ရဲ့သားတော် စသည် ယောကျာ်းပျိုတို့သည့် ထိုဆောင်ကျန်ကွမ်အမည် ရှိသော ကျောင်းတော်ကြီး၌ နေထိုင်ကာ တတ်သင့်သမျှ ပညာရပ်များကိုသင်ကြားရသည် ။ ။

ထိုကျောင်းတွင်
စာပေပညာရပ်လိုက်စားလိုသူတို့က တစ်ကဏ္ဌ၊
စစ်မက်ရေးရာပိုင်းဆိုင်ရာတို့က တစ်နေရာ စသဖြင့် သင်ကြားမှုအမျိုးအစားတို့ ပိုင်းခြားထားလေသည်။

တော်ဝင်ချစ်သက်သေ [JIKOOK]Where stories live. Discover now