ကုတင်ပေါ်ကနေ ခြေထောက်အစုံကို အောက်သို့ချလိုက်တော့ သံမံတလင်းရဲ့ အအေးဓာတ်ကခြေဖဝါးထဲထိ စိမ့်ဝင်လာတယ်။
လေဝင်ပေါက်ကနေ အခန်းထဲတိုးဝင်လာတဲ့ မထင်မရှားအလင်းရောင်လေးမှာ ပုစွန်ဆီရောင် ထင်ဟပ်နေတယ်။ ညနေစောင်းပြီထင်တယ်။
ပထမဆုံးအကြိမ်အနေနဲ့ ပြင်ပလောကကို ခန့်မှန်းလိုက်မိတော့ ကိုယ့်ကိုတောင် အံ့သြမိတယ်။ ဘယ်အရာကိုမှ စိတ်ဝင်တစား မရှိခဲ့တာ ကာလကြာခဲ့ပြီ။ ဘယ်လောက်ကြာခဲ့ပြီမှန်းတော့မသိ။ အချိန်တွေ နေ့ရက်တွေ နာရီတွေဟာ ကျွန်တော့် ဦးနှောက်ထဲမှာတော့ ဝေါဟာရအသုံးအနူန်းတစ်ခုထက် မပိုတော့။
"ရှင်းသန့်လေး....။"
ကျွန်တော် အသံလာရာကို လှည့်ကြည့်လိုက်တော့ အခန်းထဲ ဝင်လာတဲ့ သူနာပြုဆရာမလေး။ ဆရာမရဲ့ လက်ထဲမှာက ခွက်တစ်ခွက်တင်ထားသော ဗန်းတစ်ဗန်းကို ကိုင်ဆောင်ထားလျက်။
"နိုးလာပြီလား။"
ကျွန်တော့်ကုတင်ဘေးနားက ခုံနားမှာ ထိုင်ရင်း သူမက ဆိုတော့ ကျွန်တော် ခေါင်းညိမ့်ရုံညိမ့်ပြလိုက်တယ်။
"ဒါဆို အားရှိအောင် ဆန်ပြုတ်လေး စားလိုက်နော်။"
သူမရဲ့အသံဟာ ချိုသာပြီး ကြည်အေးနေတယ်။ သူမအသံကြောင့်ဘဲ ဗိုက်မဆာသေးတဲ့ ကျွန်တော်
စားချင်စိတ် အလိုလိုဖြစ်ပေါ်လာရတယ်။သူမကမ်းပေးတဲ့ ဆန်ပြုတ်ပန်းကန်ကို ကျွန်တော် လှမ်းယူလိုက်တယ်။
အရင်က အစားသိပ်မစားတတ်ပေမယ့် အခုနောက်ပိုင်း ကျွန်တော် တော်တော်လေးစားလာတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။မိနစ်ပိုင်းအတွင်းမှာဘဲ ပန်းကန်လုံးထဲက ဆန်ပြုတ်တွေဟာ လုံးဝကုန်စင်သွားပြီ။
ပန်းကန်လုံးအလွတ်ကို သူမကို ပြန်ကမ်းပေးလိုက်တော့ သူမမျက်ဝန်းတွေမှာ ကြည်နူးရိပ်တွေ။
![](https://img.wattpad.com/cover/111405183-288-k793362.jpg)
YOU ARE READING
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
General FictionUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...