Part-2 (Unicode)

2.7K 276 4
                                    

"............"

ထမြည်လာတဲ့ဖုန်းRingtoneသံကြောင့်မီးပွိုင့်ဆီကမီးနီကိုမျက်မှောင်ကုတ်ကြည့်နေမိရာမှဖုန်းအသံလာရာကိုကြည့်လိုက်မိတယ်။ ဖုန်းလေးက တတီတီ မြည်နေဆဲ။

"ဟဲလို...ဆရာ..ပြောပါ။"

Ph screenပေါ်က ဆရာမြင့်မော် ဆိုတဲ့စကားလုံးလေးလုံးဟာ ဖုန်းကိုချက်ချင်းကောက်ကိုင်စေဖို့တွန်းအားပေးလိုက်သလိုပင်။

"......."

"ဟုတ်ကဲ့။ဟုတ် ..။ဆရာ..ဒါဆိုကျွန်တော်အခုဘဲဆေးရုံကိုလှမ်းအကြောင်းကြားလိုက်မယ်။"

"......"

"ဟုတ်ကဲ့။ဆရာ။ကျွန်တော် ညနေကျရင် လူနာမှတ်တမ်းကို emailကattachmentနဲ့ လှမ်းပို့လိုက်ပါ့မယ်။"

"......."

"ဟုတ်ကဲ့..။ဒါဆိုကျွန်တော်ဖုန်းချလိုက်ပြီနော်..။ဆရာ.."

ဖုန်းချလျှင်ချလိုက်ချင်း မီးပွိုင့်စိမ်းသွားတာဖြစ်လို့ ကျွန်တော်ကားစတီယာရင်ကို အသာထိန်းကိုင်ပြီး ဆေးရုံသွားရာဘက်ကို ကွေ့ချလိုက်တယ်။အင်း...ဆရာက အစည်းအဝေးတစ်ခု အရေးတကြီး တက်စရာရှိတယ်ဆိုတော့ ဒီနေ့တော့လူနာတွေနဲ့ ကျွန်တော်တစ်ယောက်တည်း နှစ်ပါးသွားရတော့မှာပေါ့။

🌻🌻

"မင်္ဂလာပါ။ဆရာ.."

ဦးညွတ်ပြီး အရိုအသေပေးတဲ့ သူနာပြုဆရာမလေးတွေကိုအသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းအသာအယာပြန်ညိမ့်ပြဖြစ်တယ်။ လွန်ခဲ့တဲ့တစ်လလောက်က ဘုန်းရှိန်ဟန်ဆိုတဲ့ ကျွန်တော့်ကို ဆရာဝန်မှန်းမသိလူနာမှန်းမသိတောင်ဖြစ်ခဲ့သေးတဲ့အဖြစ်ကို အမှတ်ရမိလိုက်သေးတော့ ရယ်ချင်မိသွားသေးတယ်။လူနာတွေတန်းစီတဲ့ ခုံတန်းမှာ သွားဝင်ထိုင်မိတဲ့ ကိုယ့်အပြစ်ပါဘဲ။အခုတော့ ဆရာဦးမြင့်မော်ရဲ့လက်ထောက်အနေနဲ့ လိုက်လာနေကြဖြစ်နေပြီဆိုတော့ သူတို့တွေလည်း မျက်မှန်းတန်းမိသလောက်ဖြစ်နေပါပြီ။ရောက်ရောက်ချင်း တန်းစီစောင့်နေတဲ့လူနာတွေကို မြင်တော့ အားနာမိသလို။ ကားမောင်းတာသိပ်မကြာသေးတဲ့ကိုယ်က နောက်မှီခုံမှာတောင်စိတ်ချလက်ချမှီမထိုင်နိုင်ဘဲ အိပဲ့အိပဲ့မောင်းလာတာဆိုတော့ ၁ဝမိနစ်တောင်နောက်ကျနေပြီ။ဒီလိုမှန်းသိ။ တက္ကစီဘဲစီးလာပါတယ်လေ။အခန်းထဲကထိုင်ခုံမှာဖင်သေချာမချရသေးခင်မှာဘဲအကူသူနာပြုဆရာမလေးကလူနာစာရင်းတွေလာချပေးတယ်။ Bookingကြိုတင်ထားတဲ့အပြင်လူနာတွေ၊ ပြီးတော့မှ ဆေးရုံလူနာတွေ။တစ်ယောက်ချင်းစီရဲ့နာမည်တွေကို သေချာမဖတ်ဘဲ ဒီအတိုင်း သာမန်ကာလျှံကာဖတ်နေရင်းမှ ဆေးရုံမှတ်တမ်းစာရင်းထဲမှ နာမည်တစ်ခုကိုတွေ့တော့..

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedTahanan ng mga kuwento. Tumuklas ngayon