Part-7

4.9K 649 106
                                    

"ဆရာပေးလိုက်တဲ့အိမ်စာ ပြီးပြီလား"

ကျွန်တော်မေးလိုက်တော့ ခေါင်းလေးဆတ်ခနဲ ညိမ့်ပြီးပြုံးပြသည်။ အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာတဲ့ ရှင်းရဲ့မျက်နှာလေးကြောင့် ကျွန်တော့်စိတ်တွေ ကြည်လင်ချမ်းမြေ့ရတာ အမှန်ပါ။

"ကဲ..ဒါဆိုပြမယ်..ဘယ်မှာလဲ။"

ကျွန်တော့်လက်ထဲကို ပုံတစ်ပုံ လာထိုးထည့်ပေးတယ်။ ကျွန်တော် သူထည့်ပေးလာတဲ့ ကတ်ထူစာရွက်လေးကို ဖြန့်ချပြီး ကြည့်လိုက်တယ်။ လွန်ခဲ့တဲ့အပတ်က ပေးခဲ့တဲ့ အိမ်စာက "ဘ၀မှာ ပျော်ရွှင်တယ်လို့ ခံစားရတယ်လို့ အခိုက်အတန့်ကို ပုံတစ်ပုံအဖြစ် ဆွဲပြဖို့ဘဲ ဖြစ်တယ်။ ဒီအိမ်စာကို ပေးခဲ့တဲ့ အချိန်က တွေဝေပြီး ငေးမောသွားတဲ့ မျက်ဝန်းတွေကို ကျွန်တော်မှတ်မိသေးတယ်။ ပြီးတော့ ဆစ်ခနဲ နာကျင်ရိပ်သန်းသွားတဲ့ အရိပ်တွေ။ တစ်ပတ်ဆိုတဲ့ ကာလဟာ ဒီအိမ်စာကို ပြီးမြောက်အောင်လုပ်ဖို့ လုံလောက်တယ်လို့ ခံယူထားတာနဲ့ ဒီအပတ်မှာ ကျွန်တော်မေးလိုက်ခြင်းဘဲ ဖြစ်တယ်။ သိပ်ဥာဏ်ကောင်းတဲ့ ကျွန်တော့်ကလေးက အိမ်စာကို တကယ်ဘဲ ပြီးမြောက်အောင်လုပ်ခဲ့တယ်။

"အင်း..အိမ်စာလုပ်လာတော့ စစ်ပေးရမှာပေါ့.."

ကျွန်တော် ခပ်သောသောရယ်ရင်း ပြောတော့ ရှင်းက သူ့လက်နှစ်ဖက်ကို ပေါင်နှစ်ဖက်ကြားထဲ ဖွက်ထားရင်း ပုခုံးလေးတွန့်ပြီး ပြုံးနေတယ်။ ကျွန်တော်လည်း ရှင်းနဲ့အပြိုင် ပြုံးနေလျက်မှ ကတ်ထူစာရွက်ကို ဆွဲဖြန့်ချလိုက်တဲ့အချိန်မှာဘဲ ကျွန်တော့်အပြုံးတွေ ပျောက်ရှသွားတယ်။

အ၀ါရောင်တွေ ခပ်များများသုံးထားတဲ့ မြင်ကွင်းတစ်ခုမှာ ကျွန်တော့်အာရုံအလုံးစုံ မျောပါသွားခဲ့တယ်။ ပုံဆွဲထားတဲ့ လက်ရာက သိပ်ပြီး သေသေသပ်သပ် မရှိလှပေမယ့် အပြိုင်အဆိုင်ပွင့်လန်းနေတဲ့ နေကြာပန်းတွေ လို့တော့ ကျွန်တော် တန်းပြီး ခန့်မှန်းမိတယ်။ ပြီးတော့ ကောင်းကင်ပေါ်က တစ်စင်းတည်းသော နေမင်း။

"ပုံဆွဲထားတာ အရမ်းလှတယ်.."

ကျွန်တော့်ချီးကျူးစကားကြောင့် ရှင်းဆီက ရယ်သံတချို့ထွက်အန်ကျလာတယ်။ ရှက်ရယ်ရယ်နေတဲ့ ပုံစံမျိုးလေး။ ချီးကျူးရင် ဘယ်လိုတုံ့ပြန်ရမလဲ မသိတတ်တာ ကလေး သဘာဝဘဲ။ ပုံကိုသေသေချာချာ ဆက်စပ်တွေးတော နေတဲ့အချိန်မှာဘဲ အရှုပ်လေးက စကားတွေ တရစပ်ပြောတော့တယ်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedМесто, где живут истории. Откройте их для себя