ကဲ..နောက်ဆုံးတော့ ချစ်သူသာနေကြာပန်းတစ်ပွင့်ဆိုရင် (Season-2)ဆိုတဲ့ နောက်မှာ Completed ဆိုတာကြီးရေးထိုးနိုင်ခဲ့ပါပြီ။ ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ရိုင်းရိုင်း ပြောရရင်တော့ နေကြာကို Season2 ရေးမိတာ ငါးပါးမှောက်တာပါဘဲ။ ဇာတ်အိမ်စချတုန်းက ဇာတ်က ခပ်ရိုးရိုးရှင်းရှင်းဖြစ်ခဲ့ပေမယ့် ရေးနေတုန်းမှာဘဲ ဒေါ်သက်တန့်ရောင်ရဲ့အကျင့်အတိုင်း ဇာတ်အိမ်က ကိုယ်မှန်းထားတာထက် ကြီးသွားတယ်။ ကိုယ့်ခေါင်းကိုယ် နှစ်ခြမ်းခွဲပြီး စဉ်းစားချင်မိရလောက်အောင် ကာရိုက်တာတွေရဲ့ခံစားချက်တွေ အပြုအမူတွေက ရှုပ်လာခဲ့ပါတယ်။ အထူးသဖြင့် ဘုန်းရှိန်ဟန်ရဲ့ ကာရိုက်တာပါ။ ဒါကြောင့်လည်း ကြားထဲမှာတော်တော့်ကို ကြန့်ကြာသွားခဲ့ရတာ။ နေကြာ-၁ ဟာ သက်တန့်ရောင်ရဲ့ ပွဲဦးထွက် Fiction ဖြစ်တဲ့အတွက် Beginning ဆိုရင် နေကြာ-၂ ဟာ သက်တန့်ရောင်အတွက်တော့ Challenging ပါ။ မပြည့်စုံမူတွေနဲ့အတူ နောက်ထပ် Fiction တစ်ခုဟာလည်း ပြီးသွားခဲ့ပါပြီ။ ခုချိန်ထိ Update ကြာလွန်းတဲ့ ဒေါ်သက်တန့်ရောင်လေးကို စောင့်ပေးကြလို့ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ထက်မြတ်နိုင်နဲ့ ရှင်းသန့်ပိုင်ကို အရမ်းသံယောဇဉ်ဖြစ်ပြီး သူတို့ နှစ်ယောက်ကို စောင့်ပေးတဲ့သူတွေအတွက် ဒီကဘဲ အရမ်းကို အားနာတယ်လို့ ပြောပါရစေ။ ဒါပေမယ့် နေကြာ-၂ ဟာ ပြောခဲ့သလိုဘဲ ဘုန်းရှိန်ဟန်ဇာတ်ပါလို့။ နေကြာရေးနေတဲ့တလျှောက်လုံး ဘေးကနေ ရေးပါ ရေးပါလို့ ဂျီလာတိုက်တဲ့ စာဖတ်သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ရေးဖြစ်အောင် တွန်းအားပေးခဲ့တဲ့ ဇမ့်ကိုလည်း ကျေးဇူးတင်ပါတယ်။ Cover photo တွေလုပ်ပေးတဲ့ ကလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရမယ့် လူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ တစ်ခုတောင်းဆိုချင်တာက အဆင်ပြေမယ်ဆိုရင် ဒီဇာတ်တစ်ခုလုံးနဲ့ ပတ်သက်တဲ့ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဝေဖန်ပေးစေချင်ပါတယ်။
ဖတ်လို့မကောင်းဘူးဆိုလည်းရပါတယ်။ ဖတ်ရတာ ဆွဲဆောင်မူမရှိဘူးဆိုလည်း ဖြစ်ပါတယ်။ ဖတ်ပြီး ဘာကြီးမှန်းလည်း မသိဘူးဆိုလည်းရပါတယ်။ ဖတ်ပြီး စာဖတ်သူကိုဆဲမယ်ဆိုတောင်ရပါတယ်။ T_T
အဓိကက စာဖတ်သူရဲ့ ထင်မြင်ချက်တစ်ခုပါဘဲ။ အဲ့တာက တန့်အတွက် နောက်ထပ်ဇာတ်လမ်းတွေမှာ အရမ်းကို အထောက်အကူပြုပေးပါလိမ့်မယ်။ ပြောခဲ့တဲ့အတိုင်း နေကြာဟာ သက်တန့်ရောင်ရဲ့လက်ရှိတွေထဲက ခွဲထွက်နေတဲ့ ဇာတ်လမ်းတပုဒ်ဆိုတော့လေ...
ကဲ။ ပင်ပန်းသွားကြပြီ။ ရေးတဲ့သူရော။ လည်ပင်းရှည်အောင် စောင့်လိုက်ရတဲ့သူတွေရော။ XD
Valentine မှာ သိကြားလုံးစားရင်ဆွိကြတာပေါ့။ တာ့တာ။

BẠN ĐANG ĐỌC
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
Tiểu Thuyết ChungUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...