Part-12 (Unicode)

1.9K 221 4
                                    

ဒီနေ့တနေ့လုံး နားချိန်ဟူပြီး မည်မည်ရရမရှိသေး။ မနတ်ကတည်းက ဆေးခန်းထိုင်ရသည်။ နေ့လည်ကျတော့ ဆေးကုမ္ပဏီ တစ်ခုနှင့် ချိန်းထားတဲ့ Appointmentတစ်ခုကို တက်ရသည်။ အခု ဆရာဦးမြင့်မော်နှင့်အတူ Unicelf က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးတစ်ခုတက်နေရသည်။ ကလေးသူငယ်ညှင်းပန်းနှိပ်စက်ရေးနှင့် ပြန်လည်ပျိုးထောင်ရေးနှင့် သက်ဆိုင်သည့် ခေါင်းစဉ်အောက်တွင် ဆရာဝန်အသီးသီး၏ ဆွေးနွေးချက်တွေကြား ဦးနှောက်က မရမက လိုက်မှတ်ရသလို လက်ကလည်းLap top ပေါ် အမှီလိုက်ရေးမှတ်ရသည်။


"...."


ရုတ်တရက်ဖုန်းကထမြည်လသည်မို့ ကျွန်တော့်အာရုံက စားပွဲပေါ်အမှတ်တမဲ့ ဖုန်းဆီကို ရောက်သွားသည်။ ဖုန်းမျက်နှာပြင် ပေါ်တွင်ပေါ်နေသော တစ်လုံးတည်းသော စကားလုံးလေး။လက်ခုပ်သံတွေကြားမှာမို့ ဖုန်းသံက ထင်သလောက်မကျယ်သွားသော်လည်း ဘေးနားတွင်ထိုင်နေသော ဆရာဦးမြင့်မော်ကတော့ သတိထားမိသွားဟန်ရှိသည်။ ဆရာ့ကို အားနာသမူဖြင့် ခေါင်းညွတ်ပြလိုက်ပြီး ဖုန်းကို ကမန်းကတန်းကောက်ယူပြီး ဖုန်းချလိုက်ကာ Silent လုပ်ထားလိုက်တော့သည်။ ထို့နောက်တွင်တော့ အစည်းအဝေးမှာ မနည်း ပြန်အာရုံစူးစိုက်လိုက်ရသည်။


"သား..ဘုန်းရှိန်ဟန်။"


ကျွန်တော့်ခြေလှမ်းတွေတုံ့ခနဲ ရပ်တန့်လို့သွားသည်။ ဖုန်းပြန်ဆက်ဖို့ ပြင်နေရာမှ ဖုန်းကိုချက်ချင်းပြန်ချလိုက်ပြီး ဂျူတီကုတ်အိတ်ထဲ ကောက်ထည့်လိုက်သည်။ ဆရာက ကျွန်တော့်အိတ်ကို တစ်ချက်အကြည့်တွင်အနည်းငယ် မလုံမလဲ ဖြစ်သွားသလို ဖြစ်သွားသည်။


"ရှင်းသန့်ပိုင်လား။"


ဆရာ အဲ့လို တည့်တိုးမမေးလောက်ဘူးလို့ ထင်မိတာ တပ်အပ်မှားလေပြီ။


"ဟုတ်ကဲ့။ဆရာ။ရှင်းသန့်ပိုင်။"


ရယ်သွမ်းသွေးပြီး ပေါ့ပေါ့ပါးပါး ပင်ပြန်ဖြေလိုက်လေသည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedWhere stories live. Discover now