"ဒေါက်..ဒေါက်..။"
တံခါးကစေ့ရုံစေ့ခဲ့ထားတာ။ စေ့ထားတဲ့တံခါးကို အသာအယာခေါက်သံက ထွက်ပေါ်လာလေသည်။ ထိုတံခါးခေါက်သံနှင့်တပြိုင်နက်တည်းမှာဘဲတစ်ယောက်သောသူ၏ အသံကပါထွက်ပေါ်လာလေသည်။
"ဆရာ။ရှင်းဝင်လာလို့ရလား။"
"အင်း.။"
ကျွန်တော် အနည်းငယ်တော့ တုံ့ဆိုင်းသွားပေမယ့် မဆိုင်းမတွပင် ပြန်ပြောလို်က်သည်။ထို့နောက်တွင်တော့ တံခါးဖွင့်လိုက်သံနှင့်အတူ ရှင်းရဲ့ခြေသံခပ်ဖွဖွကိုကြားလိုက်ရသည်။ သို့သော် ကျွန်တော့်ဘာသာ ကျွန်တော် အလုပ်ရှုပ်နေတာနှင့် ရှင်းကို လှည့်မကြည့်ဖြစ်။
"ဆရာ။ ဘာလုပ်နေတာလဲ။"
" Luggage ပြင်နေတာလေ။ရှင်းရဲ့..။"
ရှင်းကိုပြန်ပြောလိုက်ပြီး ထည့်လက်စ ပစ္စည်းတွေကို ကောက်ထည့်နေလိုက်သည်။ရှင်းဆီမှ တစ်စုံတရာ ပြန်ပြောသံမကြားရ။ သြော်..တော်သေးလို့။ ဘောင်းဘီတိုတွေ ထည့်ရဦးမှာဘဲ။ ကျွန်တော် ထိုင်နေရာကနေ ထပြီး ဗီရိုရှိရာကိုသွားဖို့ပြင်လိုက်သည်။
"ဆရာ့မျက်လုံးတွေက ဘာလို့အဲ့လောက်ရဲနေရတာလဲ။"
ရှင်းနဲ့ တည့်တည့် မရင်ဆိုင်ချင်လို့ ကွေ့ပတ်ပြီး သွားတာတောင် ရှင်းက ကျွန်တော့်မျက်နှာကို မြင်သွားသေးသည်။
"အိပ်ရေးပျက်လို့နေမှာ။ရှင်းရဲ့။"
ရှင်းဘက်ကို လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးနှင့်သာ ပြန်ပြောဖြစ်လိုက်သည်။ မျက်နှာကို မြင်ပြီးတဲ့နောက်တော့ ကာထားလည်းမထူးတော့ဘူးလေ။ ရှင်းက ကျွန်တော့်ကို မတ်တပ်ရပ်လျက် ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှင်းအကြည့်တွေကို မသိချင်ယောင်ဆောင်လိုက်ပြီး ဗီရိုတံခါးကိုဆွဲဖွင့်လိုက်သည်။ ဗီရိုက မှောင်နေလို့လားမသိ။ဘာမှသေချာမမြင်ရ။

BẠN ĐANG ĐỌC
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
Tiểu Thuyết ChungUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...