Part-3 (Unicode)

2.2K 246 1
                                    

​ဆေးရုံမှာ Roundလှည်​့​နေသည်​့အချိန်​။စင်္ကြန်​လမ်​းမှာ ဟိုဟိုဒီဒီ ​လျှောက်​သွား​နေတဲ့ လူနာ​တွေ။ ထိုလူနာ​တွေကို လိုက်​ထိန်း​နေရတဲ့ သူနာပြုဆရာမ​တွေ။ တွန်​းလှည်​း​ပေါ်က​နေ သူနာပြုဆရာမ​တွေရဲ့ လက်​​တွေကိုအတင်​းလိုက်​ဆွဲပြီး စကား​တတွတ်​တွတ်​​ပြော​နေတဲ့သူ​တွေ။ ထိုမြင်​ကွင်​း​တွေသည်​ သာမန်​သူတစ်​​ယောက်​အဖို့ ​တော့ စိတ်​ချမ်​း​မြေ့နိုင်​ဖွယ်​မဟုတ်​။​ဆေးရုံကို စ​ရောက်​ခါစက ပင်​ပန်​းလွန်​းလို့ ယူထားတဲ့ စိတ်​ပညာအထူးကုဘွဲ့ကြီးကိုပင်​ လွှတ်​ပစ်​ချချင်​စိတ်​​ပေါက်​ခဲ့သည်​။လူနာ​တွေနှင်​့လည်​း ရဲရဲရင်​မဆိုင်​ရဲခဲ့။ တဖြည်​းဖြည်​းနှင်​့ ​နောက်​ပို်​င်​းမှ အသားကျလာ​ခြင်​းဖြစ်​သည်​။

"သား.သား..."

လက်​​မောင်​းကို ရုတ်​တရက်​ဆွဲခံလိုက်​ရတာ​ကြောင်​့ ကျွန်​​တော်​ လန်​့သွားမိသည်​။ ငုံ့ကြည်​့မိ​တော့အဘွားအိုတစ်​ဦး။​အရည်​ကြည်​​တွေရစ်​သီ​နေတဲ့ မျက်ဝန်​း​တွေထဲက ​မျှော်​လင်​့ခြင်​းတစ်​စုံတစ်​ရာဟာ ထိုအဘွားအို၏ လက်​ကို တွန်​းဖယ်​ပစ်​လိုသည်​့ ဆန္ဒကို အလိုအ​လျောက်​ချိုးနှိမ်​ပြီးသား ဖြစ်​သွားသည်​။လက်​​မောင်​းကိုကိုင်​ထားတဲ့ လက်​​ချောင်​း​တွေကို အသာဆုပ်​ကိုင်​လိုက်​ရင်​း

"ကျွန်​​တော်​ အခုသွားစရာရှိလို့။ ​နောက​်​​တော့ပြန်​လာခဲ့မယ်​​လေ။"

​​လေသံ​ပျော့​ပျော့​လေးနှင်​့ ​ချော့​မော့​ပြောလိုက်​တဲ့အခါမှာ​တော့

"​သြော်​..​အေး..​အေး..အ​မေ့သားကမအားဘူးဘဲ။ ဒါ​ပေမယ့် အ​မေ့ဆီပြန်​လာရမယ်​​နော်​။"

လက်​ညိုး​လေးတထိုးထိုးနှင်​့ ကျွန်​​တော်​့ဆီက ကတ်​​တောင်​းသလို​လေး လုပ်​ပြသည်​။ ​ခေါင်​းကို ခပ်​မြန်​ုမြန်​ ညိမ်​့ပြလိုက်​ပြီး

"လာမှာ​ပေါ့။"

ကတိ​ပေးလိုက်​​တော့မှ ကျွန်​​တော်​့လက်​​မောင်​းကို အတင်​းအကျပ်​ဆုပ်​ကိုင်​ထားရာ မှ မလွှတ်​ချင်​လွှတ်​ချင်​နှင်​့ လွှတ်​​ပေးသည်​။ ဒါ​ပေမယ်​့ အနားက​နေထွက်​မသွားဘဲ ကျွန်​​တော်​့ကို ​ငေးကြည်​့ပြီး ​ပေကပ်​​နေ​သေးသည်​။ ဒီလိုမျိုးသာဆို တခြားလူနာ​တွေဆီကို သွားဖို့အ​ရေး စိတ်​မ​ဖြောင်​့။ အနီးအနားက သူနာပြုဆရာမ​လေးကို အဘွားကို ​ခေါ်သွားရန်​ ​ပြောဖို့လုပ်​လိုက်​စဉ်​မှာဘဲ ကံ​ကောင်​း​ထောက်​မစွာနှင်​့ တခြား​သော ဆရာမ​လေးတစ်​​ယောက်​က​ရောက်​လာသည်​။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedOnde histórias criam vida. Descubra agora