Part-17 (Unicode)

2.6K 247 8
                                    


နေရောင်ခြည်နွေးနွေးဟာ မှန်ပြတင်းပေါက်ကနေတဆင့် ဆေးရုံအခန်းလေးထဲ ဖြာကျလျက်ရှိနေသည်။ တံခါးကိုစေ့ရုံစေ့ထားတဲ့ အခန်းလေးထဲက သဲ့သဲ့လေးထွက်ပေါ်နေတဲ့ ရှိုက်သံတချို့ကို အရင်ကြားလိုက်ရသည်။


"ခန္ဓာကိုယ်အတွင်းပို်င်း အခြေအနေကအကုန်ကောင်းတယ်။ ကျိုးသွားတဲ့ နံရိုးနှစ်ချောင်းက Internal Organsတွေကို မထိခိုက်တာ တော်တော်ကံကောင်းတယ်ပြောရမယ်။ ခေါင်းကိူထိခိုက်ထားတာတော့ရှိနေတော့ ခုလောလောဆယ်ကတော့ဆက်ပြီးတော့ စောင့်ကြည့်ရဦးမှာဘဲ။"


တံခါးကိုတွန်းဖွင့်လိုက်သံက နည်းနည်းကျယ်သွားတော့ ဆရာဝန်နှင့် သူနာပြုအပါအဝင် အခန်းထဲက လူတချို့က ကျွန်တော့်ကို လှည့်ကြည့်ကြလေသည်။ ကျွန်တော် ခေါင်းညိမ့်ပြလိုက်ပြီး နူတ်ဆက်လိုက်တော့ ဆရာဝန်ကြီးက အခန်းစောင့်သူနာပြုကို ညွှန်ကြားချက် တချို့ပေးပြီး သူ့အလုပ်ကို လတ်စသတ်ဖို့ ပြင်ဆင်သည်။


"မင်းလည်း အခုအခြေအနေကို သိသင့်သလောက်သိနှင့်နေမယ်ထင်ပါတယ်။ ဆရာတို့ X rays ပုံတွေထွက်လာမှဘဲ ဆက်ပြောကြတာပေါ့"


အခန်းထဲကမထွက်ခင် ဦးနှောက်နှင့်အာရုံကြော် အထူးကုဆရာဝန်ကြီးဖြစ်သူ ဆရာဦးသန်းမြင့်က ကျွန်တော့်ကို စိတ်မကောင်းစွာနှင့် ကြည့်ပြီး ပြောလေသည်။ ခေါင်းကိူထိခိုက်သွားတယ်ဆိုတာ သိသိချင်း ထက်မြတ်နိုင်ကို ဆရာဦးသန်းမြင့်ဆီလွှဲပေးခဲ့တာ။ လုပ်ပေးနိုင်သမျှအကုန်လုပ်ပေးခဲ့တာတာဘဲ။ အားလုံးအဆင်ပြေဖို့ဘဲ မျှော်လင့်ရမှာပေါ့။ အခုအခြေအနေက လူနာကလူံးဝ သတိပြန်မလည်တာက ပြသနာဖြစ်နေသည်။ ဆရာဝန်နှင့် သူနာပြုတို့ထွက်သွားပြီးနောက် ထက်မြတ်နိုင်၏ အမေဖြစ်သူကပါ


"သမီး။ ဆေးမှတ်တမ်းတွေယူဖို့ အမေခဏလောက်သွားလိုက်ဦးမယ်နော်..။"


ထိုအမျိုးသမီးရဲ့မျက်လုံးအစုံကနီရဲမို့အစ်လျက်ရှိနေသည်။ ဆုသစ္စာကို ခပ်တိုးတိုးပြောပြီးနောက် မျက်နှာကို လက်ဖမိုးတို့နှင့်ခပ်မြန်မြန်ပွတ်ပြီး အခန်းအပြင်ဘက်ကို ထွက်သွားလေသည်။ အပြင်မထွက်ခင် ကျွန်တော့်ကိုပါ ပြုံးပြပြီး နူတ်ဆက်သွားလေသည်။ မရင်းနှီးပေမယ့် ထက်မြတ်နိုင်ဆေးရုံတက်နေစဉ်အတွင်း ကူညီပေးခဲ့တာကြောင့် မျက်မှန်းတန်းလောက်မိနေပြီ ဖြစ်သည်။ ဆုသစ္စာရဲ့အစ်ကိူဆိုတဲ့ အနေအထားတစ်ခုလည်းပါတာပေါ့။ဆုသစ္စာကတော့ မျက်နှာကိုလက်ကိုင်ပုဝါနှင့်အုပ်ထားပြီး ငိုသံမထွက်စေရအောင် ကြိတ်ပြီး ရှိုက်ငိုလျက်ရှိသည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedDonde viven las historias. Descúbrelo ahora