Shin
ဖုန်းမြည်သံနှင့်အတူ ကျွန်တော့် ဖုန်းscreenသေးသေးလေးထက်ပေါ်လာတဲ့စကားစုလေး။ အချိန်က ကျွန်တော်ဆေးခန်းထိုင်ပြီးလို့ ပြန်ထွက်လာတဲ့အချိန်။ ညနေ ၆နာရီကျော်ခန့်။
ဘာလို့များပါလိမ့်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ဆေးခန်းလာပြသွားသေးသည်။ တနည်းအားဖြင့် ပြောရရင် ထိုတစ်ခေါက်က ရှင်းဆေးခန်းပြရမည့် နောက်ဆုံးရက်ချိန်းပင်။ ပြီးတော့ ဖုန်းနံပါတ်သာ ယူထားပြီး ဒီကလေးက ဖုန်းဆက်လေ့ဆက်ထမှမရှိဘဲ။
ဘာမှရှည်ရှည်ဝေးဝေးထပ်တွေးမနေတော့ဘဲ ဖုန်းကောက်ကိုင်လိုက်သည်။
"ဟဲလို.."
"ဟဲလို..ဆရာလား.."
ရှင်းအသံက တုန်ခိုက်လို့နေသည်။ ကျွန်တော့် ရဲ့ မသိစိတိရော သိစိတ်ရောကရော ချက်ချင်းစေ့ဆော်သည်။ ရှင်းဘာဖြစ်တာလဲ။
"ကျွန်တော်အခုအဝေးပြေးလမ်းမှာ.."
ကျွန်တော်ခေါင်းနပမ်းတေကြီးသွားသည်။ ဒီကလေး ဒီအချိန်ကြီး အဝေးပြေးလမ်းမှာ ဘာသွားလုပ်တာလဲ။
" ဘယ်လမ်းလဲ။ ရန်ကုန် မန္တလေး လမ်းမလား။"
ကျွန်တော် မေးလည်း မေးရင်း ကားပေါ်လည်းတက်ပြီး စက်ကို အမြန်နိုးလိုက်သည်။ ရှင်းက သူရောက်နေတဲ့နေရာကိုတောင် သေချာသိပုံမရပါ။ မန္တလေးမှာ ကျူရှင်ကကျောင်းသားကျောင်းသူအဖွဲ့နဲ့ လေ့လာရေးခရီးထွက်ရာကနေ ရန်ကုန်ကို ပြန်လာတော့ လမ်းမှာ ကျန်ခဲ့တာလို့ ဖြေသည်။ တော်သေးတာပေါ့၊ ဖုန်းလိုင်မိတဲ့ နေရာမို့လို့။
"မိုင်တိုင်ဘယ်လောက်လဲ။ အဲ့နားမှာ လမ်းလျှောက်ပြီး ကြည့်,ကြည့်။ရှင်း။ လမ်းဘေးမှာ အုတ်တိုင်လေးတွေနဲ့ မိုင်တိုင်တွေရေးထားတယ်။"
ရှင်းဘက်က အသံတိတ်လို့သွားသည်။ လမ်းလျှောက်ပြီး မိုင်တိုင်ကို ရှာနေပုံရသည်။ ဒီကောင်လေးကတော့ ကားပြန်ထွက်သွားတာကိုတောင် ဘာတွေလုပ်နေတာလဲ။ သူ့သူငယ်ချင်းတွေကရော ရှင်းတစ်ယောက်လုံး ကားပေါ်ပါမလာတာကို မသိဘူးလား။
စိတ်တိုတိုနဲ့ စိတ်ထဲက တွေးလို့ရသမျှ လူတွေကို ပတ်ပြီး အပြစ်တင်နေမိသည်။

ESTÁS LEYENDO
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
Ficción GeneralUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...