Part-8 (Unicode)

1.7K 211 1
                                    

လက်ထဲက လိပ်စာစာရွက်လေးကို တစ်ချက်ကြည့်လိုက်သည်။ ပြီးတော့ ကျွန်တော့်ရှေ့မှာရှိနေတဲ့ အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော တိုက်ကြီးကို တစ်ချက်ပြန်မော့ကြည့်သည်။ အင်း..ဒီအဆောင်ဘဲ။ခြံတံခါးကဟရုံဟထားတာ ဖြစ်ပေမယ့် တွန်းဖွင့်ပြီးတော့ ဝင်သွားဖို့မသင့်ဟု တွေးမိတာနဲ့ ခြံတံခါးပေါ်က ခေါင်းလောင်းကြိုးလေးကို အသာဆွဲလိုက်သည်။

"ကလင်...ကလောင်..ကလင်..ကလောင်"

ခေါင်းလောင်းသံက ညံစီသွားသည့်နောက်မှာ လူလတ်ပိုင်းအရွယ် အသားညိုညိုနဲ့ဦးလေးကြီးတစ်ယောက်က ခြံထဲက ထွက်လာသည်။ ကျွန်တော့်ကိုတွေ့တော့

"ဘာကိစ္စရှိလို့လဲ.."

"ဒီကအဆောင်မှူးနဲ့ ကျွန်တော် တွေ့ချင်လို့ပါ။"

"ဆရာမကြီးဒေါ်သန်းသန်းအေးနဲ့လား.."

ကျွန်တော် ခေါင်းကိုအသာအယာညိမ့်ပြလိုက်သည်။

"အထဲဝင်လာခဲ့လေကွာ.."

ထိုလူက ပြောပြီး ကျွန်တော့်ထက်အရင် ခြံထဲကို ဝင်သွားတာနဲ့ ကျွန်တော်လည်း ထိုလူဦးဆောင်ခေါ်ရာနောက် လိုက်သွားလိုက်သည်။ ခြံထဲမှာ ရွက်လှပန်းတချို့စိုက်ထားတာကို တွေ့ရသည်။ မီးကွင်းဂမုန်းလို့ခေါ်သည့် ဂမုန်းပင်တချို့ရော ၊ သစ်ပင်ကြီးကြီးတွေလည်း ခြံထဲရှိနေသည်။ခြံထဲမှတဆင့် ဧည့်ခန်းထဲကိုရောက်တော့ ကြိမ်နဲ့ယက်ထားတဲ့ သစ်သားကုလားထိုင်တစ်ခုပေါ် ထိုလူက ကျွန်တော့်ကို ထိုင်စေသည်။

"ဆရာမကြီး အပြင်သွားတယ်။ ခဏနေ လာလိမ့်မယ်။ "

လူပုံရိုးကြီးမို့ရယ်လားမသိပါ။ စကားကို ခပ်ပြတ်ပြတ်ပြောပြီး ခြံထဲ ပြန်ဆင်းသွားသည်။ ကျောင်းဆင်းချိန်မို့ထင်သည်။ ကျောင်းသားလေးတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်ပေါ်ကို အလျိှုလျိှုတက်လာကြသည်။ ဧည့်ခန်းမှာထိုင်နေတဲ့ ကျွန်တော့်ကို မသိမသာ အကဲခတ်သွားကြသေးသည်။ ကျွန်တော်ကတော့ စားပွဲခုံပေါ်က မူခင်းဂျာနယ်တစ်စောင်ကို ကောက်ယူဖတ်ရင်းနှင့် ထိုင်စောင့်နေလိုက်သည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ