Part-9 (Unicode)

1.6K 197 1
                                    

တသက်လုံး ဘယ်တော့မှ မလာဟု ဆုံးဖြတ်ထားသော နေရာသို့ နောက်ဆုံးတော့ ကျွန်တော်ရောက်ရှိလာခဲ့သည်။ လူခေါ်ဘဲလ်ကို ကျွန်တော် လက်ဖျားနှင့် အသာအယာ ဖိနှိပ်လိုက်သည်။

"တီး....တောင်...တီး...တောင်..."

လူခေါ်ဘဲလ်မြည်သံရဲ့နောက်မှာ တံခါးက ပွင့်လာသည့်နောက် အတော်အတန် ကြည့်ကောင်းတဲ့ အမျိုးသမီးရဲ့ မျက်နှာက ပေါ်လာလေသည်။ ကျွန်တော့်ကို မြင်တော့ အနည်းငယ် အံ့သြ သွားပေမယ့် ပြာပြာသလဲ ကြိုဆိုသည်။

"သြော်..သား..လာလေ။ဝင်ထိုင်။ အစ်ကိုရေ။ အစ်ကို့သား ရောက်လာပြီ။"

တံခါးဖွင့်ပေးပြီး ကျွန်တော့်ကို အထဲဝင်စေပြီးနောက် အဖေ့ကို လှမ်းခေါ်လေသည်။ ပြီးတော့ အပြုံးတစ်ပွင့်နှင့် နူတ်ဆက်ပြီး အိမ်ခန်းအတွင်းဘက် ဝင်သွားလေသည်။အိစက်နေတဲ့ ဆိုဖာပေါ်ဝင်ထိုင်လိုက်ရပေမယ့် ကျွန်တော့်အတွက် သက်တောင့်သက်သာ ရှိမနေပါ။ ဒီအိမ်က ကျွန်တော့်အတွက်တော့ သူစိမ်းဆန်လွန်းနေသည်။ ဟိုဟိုဒီဒီ ငေးကြည့်မိတော့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ မိသားစုသုံးယောက် ဓာတ်ပုံတချို့ကို တွေ့ရသည်။ နာနာကျင်ကျင် ပြုံးလိုက်မိသည်။ ကျွန်တော်တို့ရဲ့ မိသားစု ဓာတ်ပုံလေးကတော့ အမေ့ရဲ့ အဝတ်ဗီရိုအံဆွဲထဲ အိပ်စက်နေရတာ ကာလအတန်ကြာရောပေါ့။အခန်းအပြင်အဆင်ကို လိုက်ကြည့်နေမိရင်း မျက်ဝန်းထောင့်စွန်းကနေ ခန်းစီးလိုက်ကာစလေး လူပ်ခတ်သွားတာကို မြင်လိုက်ရသည်။ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ အိမ်ခန်းထဲပြေးဝင်သွားတဲ့ အရိပ်သဏ္ဏာန် တစ်ခု။

"ဘာလို့လဲ။ သမီးရဲ့။ သမီးကိုကြီးဘဲလေ။ သွားတွေ့လိုက်.."

လိုက်ကာစကို တွန်းဖယ်ရင်း ထွက်လာတဲ့သူက ခုနက ကျွန်တော့်ကို တံခါးလာဖွင့်ပေးတဲ့ အမျိုးသမီး။ အဖေ့ရဲ့နောက်မိန်းမ၊ ကျွန်တော့်မိထွေးပေါ့။ ထိုအမျိူးသမီးရဲ့ ရင်ခွင်ထဲမှာက ခေါင်းကို တွင်တွင်ခါရမ်းနေတဲ့ မိန်းကလေး။

"ကဲ..ကဲ။ ဒါဆိုလည်း အဝတ်အစား အမြန်သွားလဲ။"

ကောင်မလေးက ခေါင်းကို ညိမ့်ပြပြီး အတွင်းခန်းထဲ ပြေးဝင်သွားလေသည်။ သူ့အမေကတော့ ကောင်မလေးကို ပြုံးလျက်တစ်ချက်လှည့်ကြည့်ပြီးမှ ကျွန်တော့်ဆီလျှောက်လှမ်းလာကာ

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedDonde viven las historias. Descúbrelo ahora