Part-10 (Unicode)

1.7K 207 3
                                    

ပြက္ခဒိန် ပေါ်ကရက်စွဲတွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့သည်။သူနာပြုဆရာမလေး လာပေးထားသော ဒီနေ့ဆေးခန်းလာပြမယ့် လူနာစာရင်းကို ကြည့်လိုက်တော့ ရှင်းသန့်ပိုင်ဆိုတဲ့ နာမည်လေးက အမှတ်စဉ်တစ်ခုရဲ့ဘေးမှာ အထင်းသား။ ဒီနေ့ဟာ ရှင်း ဆေးရုံကဆင်းပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ဆေးခန်းရက်ချိန်း လာပြမယ့်နေ့။သုံးလအတွင်းအဆက်အသွယ် လုံးဝမလုပ်ဘဲ နေနိုင်လွန်းသော အဲ့ကလေး။ သူအဆင်ပြေရဲ့လား မပြေဘူးလားဆိုတဲ့ သတင်းလေးကိုပင် မကြားရ။ နေ့စဉ်နှင့်အမျှ တွေ့ကြုံနေရတဲ့ လူနာပေါင်းမြောက်မြားစွာထဲက ရှင်းတစ်ယောက်ကိုတော့ မှတ်မှတ်ရရ ဖြစ်မိသည်။ရောဂါသက်သာပျောက်ကင်းသွားပြီး အချိန်တန်ရင် လောင်းရိပ်အောက်က ထွက်ခွာသွားတဲ့ လူတွေချည့်ဘဲ ဆိုတာ နားလည်ပေမယ့် ရှင်းကိုတော့ သတိတရရှိနေတတ်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုပင် တအံ့တသြ ဖြစ်ရသည်။

"ဆရာ..ဆရာ.."

"ဟမ်.."

ကျွန်တော့်ကို မျက်လုံးလေးကလယ်ကလယ်နှင့် ငုံ့ကြည့်နေသော သူနာပြုဆရာမလေး။ဆရာမလေးမှာ ကျွန်တော့်ကို ဘယ်နှခါတောင် ခေါ်ခဲ့ရမှန်းမသိ။ ဒီလိုခေါ်မကြား အော်မကြား ကိစ္စက တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်တော့။ လွန်ခဲ့တဲ့အပတ်က နန်းနဲ့အတူ ပန်းဆိုင်သွားတော့လည်း နေကြာပန်းတွေကို လိုက်ကြည့်နေတာနဲ့ဘဲ နန်းခေါ်တာကို မကြားလို့ ပြန်ချော့ရပြီးပြီ။အခုလည်း ရုတ်တရက်မို့ ဘယ်လိုတုံ့ပြန်ရမှန်းမသိတာနဲ့ ကျွန်တော်ဖတ်လက်စ လူနာစာရင်းကို အောက်က အံဆွဲထဲ ထိုးထည့်လိုက်မိသည်။ တကယ်ဆို အဲ့စာရင်းစာရွက်က စားပွဲပေါ်မှာ တင်ထားရမှာလေ။ငါလည်း ဘာတွေလုပ်နေမိမှန်းကို မသိဘူး။တစ်ခါပြန်ပြီး အဲ့စာရွက်ကို ပြန်ထုတ်ပြီး စားပွဲပေါ်တင်ရသည်။ ရိူးတိုးရှမ်းတမ်းဖြစ်သွားတဲ့ ကျွန်တော့်အမူအရာကြောင့် ဆရာမလေးလည်း အားနာသွားဟန်ရှိသည်။

"အပြင်မှာစောင့်နေကြပြီ။ ခေါ်လိုက်ရတော့မလား။ ဆရာ.."

"အေး..ခေါ်လိုက်တော့။"

ဆရာမလေးက ခေါင်းလေးငုံ့ပြီးထွက်သွားလေသည်။ ထို့နောက် အလျိုလျိုဝင်လာသော လူနာတွေနဲ့ အချိန်တွေက ကုန်မှန်းမသိကုန်သွားလေသည်။

ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) CompletedKde žijí příběhy. Začni objevovat