"......"
ရုတ်တရက်ထွက်ပေါ်လာတဲ့ ဖုန်းသံက ကျွန်တော့်ရဲ့အဝတ်လဲခြင်းကို ဟန့်တားလိုက်တယ်။ ဖုန်းကို တစ်ချက်မျှသာ လှည့်ကြည့်လိုက်ပြီး အကျႌကြယ်သီးကို ခပ်မြန်မြန် ကောက်တပ်လိုက်တယ်။ ပြီးမှ ဖုန်းဆီ သွားပြီး ကောက်ယူကြည့်လိုက်တော့...။ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့ စာလုံးနှစ်လုံးဟာ ကျွန်တော့်စိတ်အာရုံကို ရူပ်ထွေးနောက်ကျိသွားစေတယ်။
"ဟဲလို..အဖေ..."
မဖြစ်မနေ ပြုမူရမယ့်ဝတ္တရားတစ်ခုလို ကျွန်တော် ဆောင်ရွက်လိုက်တယ်။ တစ်ဖက်က အဖေ့အသံက ဝမ်းသာပျော်မြူးနေဟန်ပေါ်တယ်။
"ကျွန်တော်အဲ့နေ့မအားဘူး."
အဖေတူ မအေကွဲ ညီမဖြစ်သူရဲ့ မွေးနေ့ပွဲကို လှလှပပ မုသားတစ်ခွန်းနဲ့ ငြင်းဆန်လိုက်မိတယ်။လာကိုလာစေချင်တဲ့စိတ်ဆန္ဒတစ်ခုထက် ဝတ်ကြေတမ်းကြေအရခေါ်တာလားတော့မသိ။အဖေ့ဆီက ဒုတိယမ္မိ ဖိတ်ကြားခြင်းတော့မပြု။ ဒါကိုဘဲ ကျေနပ်မိနေတယ်။မဟုတ်ရင် ကျွန်တော် သေချာပေါက်သွားနေရဦးမယ်။တစ်ဖက်ကဖုန်းချသွားပြီ။ ကျွန်တော် နူတ်ခမ်းစွန်းလေးကော့တက်ရုံသာ ပြုံးလိုက်မိတယ်။ ကျွန်တော်ဟာ မိသားစုထဲမှာ သင်းကွဲတစ်ကောင် ဖြစ်မှန်းမသိ ဖြစ်ခဲ့တာ ကာလအတန်ကြာရောပေါ့။ဖုန်းကိုဘောင်းဘီအိတ်ထဲထိုးထည့့်လိုက်ပြီး ဆေးရုံသွားဖို့ တခြားလိုအပ်မယ်ထင်တာတွေ အိတ်ထဲကောက်ထည့်နေလိုက်တယ်။
🌻🌻
ဆေးရုံမှာ လူနာတော်တော်များများကို ကြည့်ပေးပြီးသည့်နောက်မှာ နားထင်ကြောတွေကို လက်ညိုးနဲ့ ဖိနှိပ်နေမိတယ်။
"ရှင်းသန့်ပိုင်..."
သူနာပြုဆရာမလေးရဲ့ခေါ်သံမှာ ကျွန်တော် ချက်ချင်းခေါင်းထောင်ထလာတယ်။ အခန်းတံခါးဝကို လှမ်းကြည့်မိတယ်။ ကိုက်ခဲနေတဲ့ ကျွန်တော့် ခေါင်းက သူဘယ်လို ပုံစံမျိုးနဲ့ အခန်းထဲဝင်လာမလဲဆိုတာ ပုံဖော်နေမိတယ်။ခဏနေတော့ သူအခန်းထဲ ဝင်လာတယ်။ ကျွန်တော့်စိတ်ထင်နေလို့လားမသိဘူး။ ထူးထူးခြားခြား သူ့မျက်နှာကနည်းနည်းလန်းနေတယ်။သူ့ဘေးက သူနာပြုဆရာမလေးနဲ့အတူ အခန်းထဲကို အေးအေးဆေးဆေးဘဲ ဝင်လာတယ်။ ပြီးတော့ ကျွန်တော့်ရှေ့ကထိုင်ခုံမှာ ဝင်ထိုင်တယ်။လာပို့ပေးတဲ့ ဆရာမလေးကို ပြန်လို့ရပြီဆိုတဲ့ သဘောနဲ့ ကျွန်တော် ခေါင်းညိမ့်ပြလိုက်တယ်။အခန်းထဲမှာ နှစ်ယောက်တည်းသာ ကျန်တော့တယ်။ အဲ့တော့ ကျွန်တော် စကားစဖို့ ပြင်လိုက်ကာမှ စားပွဲပေါ်က ဘောပင်ကို ခပ်မြန်မြန်ကောက်ယူလိုက်တယ်။မတော်...ထပြီးဘောပင်နဲ့ဆောင့်ထိုးကာမှ...ဒီနေ့မှ သူကတော့ ကျွန်တော်လုပ်သမျှကို လိုက်ကြည့်နေတယ်။ သူအဲ့လိုစိတ်ဝင်တစား လိုက်ကြည့်နေတော့ ကျွန်တော့် အတွက် ပိုအဆင်ပြေတယ်။မနေ့ညကတည်းက သူ့အတွက် ပြင်ဆင်လာတာကို ထုတ်လိုက်တယ်။ဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူး။ မှတ်စုစာအုပ်တစ်အုပ်ပါဘဲ။ စာမျက်နှာတစ်ခုမှာ စာတစ်ကြောင်းသာ ပါတဲ့ စာအုပ်တစ်အုပ်။သူ့အတွက် ကုထုံးကို ပြောင်းလိုက်ရပြီ။ ဒီပုံအတိုင်းသာဆက်သွားရင်တော့ တိတ်ခွေနားထောင်နေရတာနဲ့ ကျွန်တော် သပွတ်အူလည်နေတာထက်ဆိုးတော့မယ်။စာအုပ်ကိုမြင်တော့သူမျက်မှောင်တွေ သိသိသာသာ ကျုံ့သွားတာကို မြင်လိုက်ရတယ်။

ESTÁS LEYENDO
ချစ်သူသာနေကြာပန်းတပွင့်ဆိုရင်🌻(Season-2) Completed
Ficción GeneralUNICODE VERSION: နေကြာပန်းနှစ်ပွင့်ကိုသူတစ်ချက်လေးစောင်းငဲ့ကြည့်တယ်.. ခပ်ဖွဖွလေးပြုံးရင်းနဲ့... "နောက်ဆိုနေကြာပန်းယူလာရင်နှစ်ပွင့်ဖြစ်စရာမလိုတော့ဘူး..ဆရာ" ကျွန်တော့်ဆီသူ့အကြည့်တစ်ချက်ရောက်လာပြီးနောက်မှာ ကျွန်တော့်ရဲ့ဆွံ့အနေမူကိုသူအခွင့်ကောင်းယူသွားခ...