‘မင်းက ပထမဆုံး တွေ့ဆုံရင် တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတာတောင်မှ.. မင်းမသိတော့တာ.. မင်း ဘယ်လိုဖြစ်ပြီး လူတစ်ယောက်ကို အိမ်မှာ မွေးထားမှာလဲ ပင်းရှီ.. မဖြစ်နိုင်ဘူး ဒီလူသားက နှစ်ရက်ဆိုတာနဲ့ သေဆုံးသွားလိမ့်မယ်..’
‘ငါအခု သိပြီလေ.. ချီးရှီတောင်မှ ရုပ်ဆိုးတဲ့ ကြွက်လို သက်ရှိတောင် သူ့အိမ်တော်မှာ ခေါ်ထားနိုင်တာ ငါက ဘာလို့ ရုပ်ချောတဲ့လူလို သက်ရှိကို မခေါ်ထားနိုင်ရမှာလဲ.. ငါ သူ့ကို မွေးဖို့ သင်ယူစရာတွေ ချီးရှီ ဆီမှာ သင်ယူရအုံးမှာ.. ငါသွားပြီ..’
ရှီးပိုင်ဆိုတဲ့ အိမ်မွေးလူသားငယ်ကို ပွေ့ချီလိုက်ပြီး.. ချီးရှီရဲ့အိမ်တော်ကို ဦးတည် ပျံသန်းလိုက်တယ်။ ပင်းရှီရဲ့ ပျံသန်းမှု နှုန်းက သိပ်ပြီး မြန်လွန်းလို့ ရှီးပိုင် မနိုးလာခင်မှာပဲ လောကရဲ့တောင်ဖျားက ချီးရှီရဲ့ အိမ်တော်ကို ရောက်လာတယ်။ ချီးရှီရဲ့ အိမ်တော်ဟာ အကောင်ပလောင်တွေနဲ့ ဆူညံနေတာပဲ။ ပင်းရှီ ချက်ချင်းပဲ လက်ကို ဝှေ့ယမ်းပစ်လိုက်တယ်။ သူ့ရဲ့ အိမ်မွေးလူသားလေးဟာ အိပ်နေတာ ချီးရှီရဲ့ အကောင်တွေ အော်လို့ မဖြစ်ဘူး။
အကောင်တွေဟာ ပင်းရှီရဲ့ ရေခဲမှုန်တွေကြောင့်.. ပါးစပ်တွေ စေ့ပိတ်သွားကြတယ်။ ချီးရှီဟာ အိမ်တော်ထဲကနေ အကောင်တွေ အသံတိတ်သွားလို့ ထင်တယ်။ အပြင်ကို ပြေးထွက်လာတယ်။ ပင်းရှီကို မြင်တော့မှ ခြေလှမ်းတွေ ရပ်သွားပြီး တအံ့တသြနဲ့ လှမ်းမေးလာတယ်။
‘ပင်းရှီ.. မင်း ဘယ်လို ဖြစ်ပြီး ဒီလူသားကို ပွေ့လာရတာလဲ..’
‘သူကငါရဲ့ အိမ်မွေးလူသား.. ငါ မင်းဆီက သင်ယူဖို့ တချို့ ရှိလို့ ရောက်လာတာ..’
အကူညီတောင်းတဲ့လေသံဟာ တင်းပြတ်နေပြီးတော့ တိုက်ရိုက်သဘောသက်ရောက်တယ်။ သူတို့လို နတ်ဘုရားတွေမှာ အားနာမှုဆိုတာ မြူတစ်မှုန်စာလောက်တောင် ကျန်ရှိမနေတော့ဘူး။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် အားမနာတတ်ကြဘူး။
ချီးရှီဟာ ကြွက်ရုပ်ဆိုးရဲ့ ဦးခေါင်းကို အသာလေး ပွတ်သပ်နေရင်းက ပင်းရှီ အနားကို တိုးလာတယ်။ ပင်းရှီလည်း သူ့လက်ထဲမှာ ပွေ့ထားတဲ့ အိမ်မွေးလူသားလေးကို လက်တစ်ဖက် တည်းနဲ့ ပွေ့ချီလိုက်ပြီး.. ဦးခေါင်းကို အသာလေး ပွတ်သပ်ပေးလိုက်တယ်။ လူသားတစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ ကြွက်ထက်တော့ ကြီးမားတယ်။ သယ်ရတာ မလွယ်ဘူးလို့ ထင်ဖို့ ရှိတယ်။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...