မသေချင်သေးဘူးလို့ ပြောနေတဲ့ ရှီးရဲ့ ခန္ဓာကိုယ်ဟာ.. တစ်ပိုင်းပဲ ကျန်တော့တယ်။ မနာကျင်ဘူး ဆိုပေမယ့် ထိတ်လန့်လွန်းလို့ ရှီးဟာ နေရာမှာတင် ထိုင်ချလိုက်မိတော့တယ်။ သူ့ရဲ့ နောက်ဆုံးထွက်သက်မှာ တစ်စုံတစ်ယောက်ကို နှုတ်ဆက်ချင်သေးတယ်။
‘ပင်းရှီ..’
@@@@@@@@@
ပင်းရှီ ခရီးသွားနေတဲ့ လကို မော့ကြည့်လိုက်ပြီး ကျေနပ်စွာ ရေရွတ်လိုက်တယ်။
‘အချိန်စေ့ပြီ..’
ပင်းရှီ အဲ့နေရာကနေ ပျောက်ကွယ် သွားပြီး ပြန်ပေါ်လာတော့ ချီးရှီရဲ့ အိမ်တော်မှာ ဖြစ်တယ်။ ဒါပေမယ့် ချီးရှီမရှိဘူး ဆိုတော့မှ.. ရှီး ရှိနေနိုင်တဲ့ နေရာကို အာရုံခံလိုက်ပြီး.. အဲ့နေရာကို ရောက်ရှိလာတယ်။ ရောက်ရောက်ချင်းမှာပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်မို့ မျက်မှောင်ကုတ်ဖို့ အချိန်တောင် မရလိုက်ပဲနဲ့ သူ့နာမည် ခေါ်နေတဲ့ ရှီးကို အပေါ်ရုံ ချွတ်ပြီး ခြုံလွှမ်းပေးလိုက်တယ်။
‘ဒါက ဘယ်လို ဖြစ်တာလဲ ချီးရှီ..’
တကယ်ဆို ချီးရှီရဲ့ အပြစ်လို့ ပြောဖို့ မသင့်ဘူး။ ဒါပေမယ့် ချီးရှီရဲ့ အိမ်တော်ကနေ ထွက်သွားနိုင်လို့သာ ဖြစ်တာမို့ ပင်းရှီက ချီးရှီကို အပြစ်တင်စကား ဆိုလိုက်တာ ဖြစ်တယ်။
ပင်းရှီက ရှီးရဲ့ ဘေးနားကို ဝင်ထိုင်လိုက်ပြီးတော့.. အနီးတစ်ဝိုက်ကို အေးခဲစေလိုက်တယ်။ ပန်းပင်တွေ တစ်တောင်ပြီး တစ်တောင် လောင်ကျွမ်းနေတာဟာ ပင်းရှီနဲ့ နည်းနည်းမှ မသက်ဆိုင်သလိုပဲ ပင်းရှီဟာ တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။ ဟွားဖန်ရှီဟာ မီးအမြုတေကနေ ထွက်လာတဲ့ အနန္တမီးလျှံတွေ နားကို မသွားရဲဘူး။ ကျန်းရှီနဲ့ တလီရှီဟာ မီးကို ငြိမ်းသက်ဖို့ ကြိုးစားပေမယ့်.. မီးလျှံဟာ အလျှံငြီးငြီးနဲ့ မြင်သမျှကို လောင်ကျွမ်းနေတယ်။
ဟုန်လျန်ရဲ့ အိမ်တော်ကနေတောင် ဒီမီးရောင်ကို မြင်နေရလို့ ဟုန်လျန်ဟာ ရောက်လာတယ်။ ဒါပေမယ့် ပထမဆုံး ပြုလုပ်တဲ့ အလုပ်ဟာ.. သူ့အစွမ်းနဲ့ တခြား သက်ရှိတွေကို မီးရဲ့ လမ်းကြောင်းကနေ ဖယ်ရှားပေးတာပဲ ဖြစ်တယ်။ ဒီမီးကို သာမာန် နတ်တစ်ပါး မပြောနဲ့ နတ်မင်းဆိုရင်တောင် ထိန်းချုပ်ဖို့ မလွယ်ကူဘူး။ အဲ့တာကြောင့် မီးကို ထိန်းချုပ်ဖို့ မကြိုးစားပဲ သက်ရှိတွေကို ဖယ်ရှားတာက မှန်ကန်တဲ့ နည်းလမ်းလို့ ဟုန်လျန်က တွေးမိတယ်။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...