‘ရှီး.. မင်း စိတ်မကောင်း မဖြစ်ပါနဲ့.. ငါမင်းအတွက် ကောင်းကင်မှာ.. ပန်းဥယျာဉ် တစ်ခု ဖန်တီးခိုင်းလိုက်မယ်..’
‘ကောင်းကင်ကို လိုက်နေမယ်လို့ ဘယ်သူက ပြောတာလဲ.. ကျွန်တော် ဒီမှာပဲ နေပျော်တယ်..’
ပင်းရှီဆိုတာ နဂိုရ်တည်းက ရိုးရှင်းတဲ့ နတ်မင်း ဖြစ်တယ်။ ထို့အတွက်ကြောင့် ဒေါသထွက်လို့ ရွဲ့ပြောတာလား.. ဒါမှမဟုတ် တကယ့်ကို စိတ်ရင်းနဲ့ ပြောတာလား ဆိုတာကို ပင်းက မခွဲခြားတတ်ဘူး။ ပင်းအဲ့လို မခွဲခြားတတ်တာကို ရှီးဟာ နားလည်ပေမယ့် စိတ်ထဲက မဟုတ်တဲ့ စကားကိုသာ ပြောလိုက်မိတယ်။
ပင်းဟာ ရှီးရဲ့ စကားကို အမှန်တကယ်လို့ ထင်မှတ်မိတယ်။ ပြီးတော့ ငြင်းဆန်ခြင်း မရှိဘူး။ နောက်ဆက်တွဲ အနေနဲ့ ပင်းဟာ ရှီးနဲ့ အတူတူ မြေပြင်မှာပဲ နေကျန်ခဲ့ဖို့ကို တွေးတောနေမိတယ်။ ပြောရရင် ရှီး ပြောလိုက်တဲ့ စကားကို လုံးဝ မုတ်သုံ အမှန်လို့ ပင်းက ထင်မြင်ချက် ချလိုက်ပြီးသား ဖြစ်နေတယ်။
ပင်းလို နတ်မင်း တစ်ပါးဟာ ရှုပ်ထွေးမှုတွေကို ရင်ဆိုင်နိုင်တယ်လို့ တစ်စုံ တစ်ယောက်က ပြောလာရင် အဲ့ဒီသူဟာ အလိမ်အညာကို ပြောလိုက်တာပဲလို့ လက်ညိုးထိုး စွပ်စွဲချက် ထုတ်ရနိုင်တယ်။ ဒါပေမယ့် ကံဆိုး ကံကောင်းနဲ့ ရှီးဟာ ပင်းရဲ့ မှားယွင်းတဲ့ ထင်မြင်ချက်တွေကို မသိဘူး နားမလည်ဘူး ဖြစ်နေတယ်။
တကယ်လို့သာ တစ်စုံတစ်ယောက်က ပင်းကို ပန်းက လှတယ်နော် လို့ ပြောရင် အင်းဟုတ်တယ်လို့ပဲ ဆိုလိမ့်မယ်.. တကယ်လှလို့ ချီးကျူးတာလား တမင်သက်သက် ရှုပ်ချချင်တာလား ဆိုတာကို ပင်းက ခေါင်းရှုပ်ခံပြီး ထပ်တွေးမှာ မဟုတ်ဘူး။ ပင်းက အဲ့လိုမျိုး နတ်မင်း ဖြစ်တယ်။
အခုလည်း ပင်း ကြိုးကြိုးစားစားနဲ့ ထပ်ပြီး တွေးတောလိုက်တာက.. ရှီးကို ပန်းဥယျာဉ်အသစ် တစ်ခု ဖန်တီးပေးဖို့ မြေနေရာကို ဖြစ်တယ်။ ရှီးကတော့ မျက်နှာလေး စူပုတ်နေပြီး ကောင်းကင်မှာ နေဖို့ ထပ်မခေါ်တဲ့ ပင်းကို စတင်ပြီး စကားမပြောနိုင်တော့ဘူး။ အစပိုင်းမှာ ပင်းက မသိသေးပဲ သူ့ဖာသာပဲ မြေနေရာကို တွေးတောနေတယ်။
ESTÁS LEYENDO
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...