ဒီနည်းလမ်းဟာ ထိရောက်တယ်။ သူ့ရဲ့ အိမ်မွေးလူသားဟာ.. အငိုတိတ်သွားတယ်။ ဒါပေမယ့် ရှီးပိုင်ရဲ့ ဝမ်းနည်းစိတ်ဟာ အလုံးစုံ မပျောက်သေးဘူး။ ရှီးပိုင်က ခပ်တိုးတိုး တိုင်တည်ရင်း ရေရွတ်ပြောဆိုတယ်။
‘အမေ မရှိတော့ဘူး..’
ရှီးပိုင်ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို အေးစက်နေတဲ့ လက်နဲ့ သုတ်ပေးလိုက်ပြီး ရှီးပိုင်ကို ပွေ့ချီလိုက်တယ်။ နောက်တော့ ပင်းရှီဟာ အသုံးဝင်တဲ့ ဖြေသိမ့်စကားကို ဆိုလိုက်တယ်။
‘သူမ မရှိတော့ဘူး.. ဒါပေမယ့် မင်းမှာ ငါ ပင်းရှီ ရှိတယ်..’
ဒီစကားလေးဟာ ရှီးပိုင်ရဲ့ရင်ထဲထိ တိုးဝင်သွားတယ်။ နောက်တော့ ရှီးပိုင်ရဲ့ ငိုသံဟာ တိတ်သွားတယ်။ ရှီးပိုင်ရဲ့ ငိုသံ တိတ်သွားတာနဲ့ ပင်းရှီဟာ မီးရဲ့ အကြွင်းအကျန်တွေ အားလုံးကို နှင်းထုထဲကို မြုပ်နှံလိုက်တော့တယ်။ ပြီးတော့ ရှီးပိုင်ကို အသာလေး ပွေ့ယူလိုက်တယ်။ နောက်တော့ စကားတစ်ခွန်းကို အေးအေးဆေးဆေး ပြောတယ်။
‘မင်းငိုတာက ရုပ်ဆိုးတယ်.. မင်း ချီးရှီရဲ့ ကြွက်ရုပ်ဆိုးလို မဖြစ်ချင်ရင်.. နောက်ကျရင် မငိုနဲ့..’
ရှီးပိုင်ရဲ့ မျက်စိထဲမှာ.. ချီးရှီ နတ်မင်းရဲ့ ကတုံးဖြစ်သွားတဲ့ မြွေပါလေးကို မြင်ယောင်လိုက်မိတယ်။ အဲ့မြွေပါဖြူလေးကို ကတုံးဖြစ်အောင်လို့ ပင်းရှီနတ်မင်းက လုပ်လိုက်တာလား။ ရှီးပိုင်ဟာ သူ့ဆံပင်တွေကို ယောင်ယမ်းပြီး.. ကိုင်လိုက်မိတယ်။
ပင်းရှီက စာအုပ်လိပ်ကို ထုတ်ပြီး ဖြန့်ကြည့်တယ်။ ပြီးတော့ ကျေနပ်စွာ ပြုံးတယ်။ ရှီးပိုင် ပင်းရှီ ပြုံးလိုက်တာကို မော့ငေးနေမိတယ်။ ပင်းရှီဟာ နှုတ်ခမ်းလေးတွေ ကော့နေအောင် ပြုံးတာ သိပ်ပြီး ကြည့်ကောင်းတယ်။
‘ငါတို့ အတူတူ အစားစားဖို့ အချိန်ရောက်ပြီ..’
ပင်းရှီ နတ်မင်းရဲ့ ရေခဲအိမ်တော်ထဲကို ရောက်တော့ ပင်းရှီဟာ.. ရှီးပိုင်ကို ပွေ့ထားရာက ပုံစံပြောင်းလိုက်တယ်။ ဒါပေမယ့် အဲ့တာဟာ သိပ်ပြီး မကွာခြားဘူး။ ရှီးပိုင်ရဲ့ လက်တွေက ပင်းရှီရဲ့ လည်ပင်းကို ရောက်နေပြီးတော့.. ရှီးပိုင်က ပင်းရှီရဲ့ ကျောပေါ်မှာ ဖြစ်တယ်။ ပွေ့ထားတာနဲ့ ကျောပိုးထားတာ ဆိုတာပဲ ရှိတယ် ရှီးပိုင်ကို ပင်းရှီဟာ သူ့ကိုယ်ပေါ်မှာ တွယ်ကပ်စေတုန်းပဲ။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...