အိမ်တော်မှာ လူသားမွေးမယ်

56.9K 2K 307
                                    

ကမ္ဘာလောကကြီးမှာ.. သက်ရှိ မျိုးနွယ်စုတွေ များစွာ ရှိကြတယ်။ နတ်တွေကိုတောင်မှ သက်ရှိအဖြစ် သတ်မှတ်ကြတဲ့ ကာလဖြစ်လို့ နတ်တွေဟာလည်း သက်ရှိ အနွယ်ဝင်တွေပဲ ဖြစ်တယ်။ ထူးဆန်းတာက ရိုးရိုး သက်ရှိတွေဟာ စွမ်းအားတွေ မထုတ်သုံးနိုင်ပဲနဲ့ နတ်တွေက ကျတော့ ခြားနားတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားကြတယ်။ မျိုးနွယ်စုတွေ အမျိုးမျိုး ရှိပြီး အတူတူနေကြတဲ့ ကာလပေမယ့် နတ်တွေဟာ အတူတူ မနေကြပဲ သီးသန့်ပဲ နေထိုင်ကြတယ်။

နတ်မျိုးနွယ်တွေ သီးသန့် ခေါ်ဝေါ်တာ မရှိပေမယ့် အင်အားကြီးသူက သာစမြဲ ဆိုတဲ့ လောကရဲ့ ဓမ္မတာက အဲ့ကတည်းက ရှိခဲ့တာလို့ ဆိုရမယ်။ နတ်မှာလည်း ကွာခြားတဲ့ သတ်မှတ်ချက်တွေ သိပ်မရှိသေးဘူး။ စွမ်းအားပိုကြီးရင် အဲ့တာ သူ့အပိုင်နယ်မြေအဖြစ်နဲ့ လောကကို ပိုင်းခြားပြီး ယူပစ်လိုက်တယ်။ အဲ့နယ်မြေထဲက လူတွေ ဖြစ်ဖြစ် တခြားသော သက်ရှိတွေကို ဖြစ်ဖြစ် အုပ်ချုပ်သူ နတ်မင်းက အုပ်ချုပ်တယ်။ ဒါပေမယ့် ပိုပြီး အင်အားကြီးတဲ့ နတ်မင်းတစ်ပါးက လာလုရင် အင်အားနည်းတဲ့ နတ်မင်းက ဝေးလွင့်သွားရတယ်။

တည်နေရာ အတည်အမြဲ ဆိုတာ မရှိသလို.. စစ်ပွဲဆိုတာကလည်း တစ်ချိန်လုံး ဖြစ်ပေါ်လေ့ ရှိကြတယ်။ လူသားတွေ နတ်တွေ မိစ္ဆာတွေ.. ပြီးတော့ တိရစ္ဆာန်တွေ နောက်ထပ် များပြားလှတဲ့ မျိုးနွယ်စုတွေဟာ အစဉ်မြဲ နယ်မြေတွေ အတွက် တိုက်ခိုက်နေကြတယ်။ နတ်ဘုရား ဆယ်ပါးကလွဲရင်လို့ ပြောရင် ပိုမှန်မယ် ထင်တယ်။

ဆယ်ပါးသော နတ်ဘုရားတွေဟာ သီးသန့်နယ်မြေတွေ သတ်မှတ်ထားပြီး သူတို့ အစွမ်းတွေနဲ့ သူတို့ နယ်မြေတွေကို ကာဆီးထားတယ်။ တခြားဘယ်သက်ရှိမှ သူတို့ နယ်မြေထဲကို မဝင်နိုင်ကြအောင် ပြုလုပ်ထားကြတယ်။ အဲ့ဒီ နတ်ဘုရားတွေဟာ တခြားသူတွေနဲ့ သူတို့က မတူပဲနဲ့ ခြားနားတယ်လို့ သတ်မှတ်ကြပြီးတော့ ဘယ်သူနဲ့မှ မပတ်သတ်ချင်လို့ အဲ့လို နေထိုင်ကြတယ်။ ဘယ်အရာကိုမှ ထိန်းချုပ်ဖို့ လုယူဖို့ မကြိုးစားကြသလို.. သူတို့ ပိုင်တဲ့ ဘယ်အရာကိုမှလည်း.. တခြားသူတွေကို မဝေငှချင်ကြဘူးလေ။ ပြောရရင် သူတို့ ဆယ်ဦးဟာ စွမ်းအား အမြင့်ဆုံးပဲလို့ ပြောရမယ်။ အဲ့လို စွမ်းအားမြင့်မားတဲ့ နတ်ဘုရားဆယ်ပါးစလုံးကို မျိုးနွယ်အနေနဲ့ မဟုတ်ပေမယ့် သီးသန့်ခွဲထွက်စေဖို့ နာမည်တစ်လုံး သတ်မှတ်လိုက်တယ်။ အဲ့တာဟာ သူတို့ နာမည်တွေ အနောက်မှာ ရှီ ဆိုတာကို ထည့်သွင်းလိုက်တာပဲ ဖြစ်တယ်။ ပင်းဆိုတဲ့ သူ့ဖာသာပေးထားတဲ့ သူ့နာမည်မှာ ရှီ ဆိုတာကို ထည့်သွင်းလိုက်သလိုမျိုး တခြားသော နတ်ဘုရားတွေမှာလည်း ရှီ ဆိုတဲ့ အဆုံးသတ်နဲ့ စွမ်းရည်ကို ကွာခြားစေတယ်။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now