ပင်းရှီက ရှီးကို အလွန်အမင်း လိုက်လျောပေးလိုသော မျက်နှာထားနှင့်.. နားသယ်စပ်က ဆံနွယ်မျှင်လေး တချို့ကို လေအေးနှင့် မှုတ်လိုက်ပြီးမှ..
‘လူသားနှစ်ဦး အတူတူ နေဖို့ အတွက် ထုံးစံတွေ ရှိတာလည်း ငါနားလည်ပြီးပြီ.. ငါတို့ အဲ့လို လုပ်ကြမလား.. ငါတို့ လက်ထပ် ကြမယ်လေ..’
ပင်းရှီရဲ့ စကားအဆုံးမှာ ရှီးဟာ ကြက်သေသေ သွားမိတယ်။ လက်ထပ်ဖို့က ဘယ်နေရာမှလည်း သဘာဝကျတာ မရှိဘူးလို့ ထင်မိတယ်။ ပင်းရှီဟာ နတ်မင်း..၊ ရှီးဟာ လူသား..၊ ပြီးတော့ လက်ထပ်ကြတယ် ဆိုတာနဲ့ ပတ်သတ်ပြီး ပြောဖို့ ရှိသေးတာက ရှီးရော ပင်းရှီရောဟာ တူညီတဲ့ အသွင်သဏ္ဍာန် ရှိတယ်။ အဲ့အတွက် သာယာတဲ့ မိသားစု တစ်ခု တည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ မျိုးဆက် အတွက်ဆိုရင် ပိုပြီး ဝေးကွာနေပြီ။
ဒီနတ်မင်းဟာ ရူးတာထက်ကို ပိုလွန်နေပြီလို့ ရှီး ခံစားမိတယ်။ ဒါပေမယ့် ဘာလို့မှန်း မသိပဲ ဒီတောင်းဆိုချက်ကို ရှက်ရွံ့မိတယ်။ ငြင်းဆန်ပစ်ဖို့ စကားတွေလည်း ပျောက်ရှနေတယ်။ ပင်းရှီက သူပြောလိုက်တဲ့ စကားကို ထပ်ဆင့် အတည်ပြုတယ်။
‘ငါတို့ အဲ့လို လုပ်ကြမယ်လေ..’
ရှီးဟာ ချက်ချင်း အဖြေပေးလိုက်ဖို့ လုံးဝ ဆန္ဒမရှိဘူး။ ဒါပေမယ့် ဒီကိစ္စကို လွဲချလိုက်ဖို့ လူလိုနေသေးတယ်။ အဲ့တာနဲ့ ပင်းရှီရဲ့ အနားကပ်လာတဲ့ မျက်နှာကို လွဲရှောင်လိုက်ပြီး ခပ်တိုးတိုး အကြံပေးတယ်။
‘ဒီကိစ္စကို ငါတို့ ဟုန်လျန် နတ်မင်းနဲ့ အရင်တိုင်ပင်ရအောင်..’
ပင်းရှီက အဲ့စကားကို တိတ်ဆိတ်စွာနဲ့ စဉ်းစားနေသေးတယ်။ နောက်ဆုံးတော့ လူသားလေး ပြောတာကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီးမှ.. ခေါင်းညိတ်တယ်။
‘ကောင်းပြီလေ.. ငါတို့ ဒီအကြောင်းကို ဟုန်လျန်နဲ့ တိုင်ပင်ကြမယ်..’
‘ဒါနဲ့.. ပင်း နတ်မင်း ဘာလို့ လက်ထပ် ချင်ရတာလဲ..’
ရှီးဟာ ကောင်းမွန်တဲ့ အကြောင်းပြချက် တစ်ခုကို လိုချင်လို့ မေးလိုက်တာ မဟုတ်ဘူး။ ပင်းရှီ သေချာ မတွေးတောပဲ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာကို ပင်းရှီကို ပြန်ပြီး အမှတ်ရစေချင်တယ်။ လက်ထပ်တယ် ဆိုတာဟာ လူသားတွေ အတွက် ကိစ္စကြီးပဲ တစ်ဦးနဲ့ တစ်ဦး ပိုင်ဆိုင်ကြောင်းကို ဖော်ပြတဲ့ အမှတ် လက္ခဏာရပ် ဖြစ်တယ်။ အဲ့တာကို ပင်းရှီက ပေါ့ပေါ့လေး တွေးထားတယ်လို့ ရှီးက ထင်မြင်မိတယ်။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...