ကလေးလေး မရှိတော့ဘူး..
@@@@@@@@@@@@@
ပင်းဟာ မသတ်ဖို့ကို ရှီးကို ကတိပေးခဲ့ရတယ်။ ဒုတိယအကြိမ်မြောက် အသက်ပေါင်း မြောက်များစွာကို ရှီးရှေ့မှာ သတ်မိတာကို ပင်းက အရမ်းကို စိတ်မကောင်း ဖြစ်မိတယ်။
'ရှီး.. မင်းသာ တစ်ခုခု ဖြစ်သွားရင်.. ဆိုတာကို ငါ ဟိုနှစ်တွေတုန်း ကတည်းက တွေးမိနေတာ.. မင်းသိလား ရှီး.. ငါလည်း ကြောက်တတ်ပြီ..'
ရှီးရဲ့ ကိုယ်ဝန်က သိပ်မကြာခင် လပိုင်းမှာပဲ ရှစ်နှစ်ပြည့်သွားတယ်။ ကျိုးရှီက ကောင်းကင်သန္ဓေသား ပြုလုပ်ဖို့ကို လအနည်းငယ်လောက် ရွေ့ဆိုင်းလိုက်တယ်။ လုံရှီရဲ့ ဇနီးတစ်ဦးဖြစ်တဲ့ အရှေ့တောင်ပိုင်း ပင်လယ် နတ်သခင်မကလည်း ကိုယ်ဝန်သည် ဖြစ်တယ်။ အရှေ့တောင်ပိုင်း ပင်လယ်ဟာ ကိုယ်ဝန်သည် နှစ်ဦးနဲ့ တကယ့်ကို စည်ကားနေတယ်။
အရှေ့တောင်ပိုင်း ပင်လယ် နတ်သခင်မက ရှီးကို ခင်တွယ်တယ်။ တစ်မနက်မှာ ရှီးထက်ကို စောပြီးတော့ အရှေ့တောင်ပိုင်း ပင်လယ် နတ်သခင်မက မွေးဖွားခဲ့တယ်။ နဂါးမျိုးတွေဟာ မွေးဖွားရင် နာကျင်တယ်။ အဲ့အတွက် အရှေ့တောင်ပိုင်း ပင်လယ် နတ်သခင်မရဲ့ နာကျင်မှုကြောင့် ညည်းတွားသံကို အတိုင်းသား ကြားရတယ်။ လုံရှီကတော့ အရှေ့တောင်ပိုင်းကနေ ထွက်သွားခဲ့တယ်။
ပင်းဟာ အဲ့ဒီ အော်သံကြောင့် ရှီးအနားကို တိုးကပ်လာပြီး.. စိုးရိမ်နေတယ်။ ကျိုးရှီကတော့ ဒီကိစ္စဟာ သူနဲ့ မဆိုင်တဲ့ အတိုင်းပဲ ခပ်အေးအေး ဆိုတာထက်ကိုတောင်မှ ပိုပြီး အေးဆေးနေသေးတယ်။ ရှီးက ကလေးမွေးတာကို နာကျင်မှန်း သိပေမယ့် ဒီလောက်ထိ နာကျင်မယ်လို့ မထင်ထားလို့ တုန်လှုပ်နေမိတယ်။
ရှီး စိတ်လှုပ်ရှားစွာနဲ့ ပင်းရဲ့လက်ကို ဖိဆုပ်လိုက်မိတယ်။ ပင်းက ရှီးကို ပြောတယ်။
'မင်း အဲ့တာကို မလိုချင်တော့ဘူး ဆိုရင် အချိန်မှီသေးတယ်.. ရှီး..'
အားကိုးတကြီး ကိုင်လိုက်မိတဲ့.. ပင်းရဲ့ လက်ကို ရှီး လွတ်လိုက်မိတယ်။ စိတ်မကောင်းမှုဟာ မျက်နှာမှာ ပေါ်လာတယ်။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...