ရှီးပိုင်ဟာ မလိမ္မာဘူး

10.1K 1.2K 175
                                    

‘မင်းက ငါ့အပိုင်..’

နူးညံ့ခြင်း ရက်စက်ခြင်းကို တစ်ပြိုင်နက်တည်း ပင်းရှီရဲ့ မျက်နှာပေါ်မှာ ခံစားလိုက်ရတယ်။ ရှီး စိတ်ထဲမှာ ပင်းရှီဟာ.. အလွန်အမင်း အေးစက်ကာ ကြောက်ရွံ့ဖွယ် ကောင်းသည်ဟု ထင်မှတ်သွားတော့တယ်။

ဒီရက်ပိုင်းအတွင်းမှာ ရှီးဟာ.. ပင်းရှီကို စကားပြန်မပြောဘူး။ ပင်းရှီဟာလည်း အဓမ္မမလုပ်ချင်ဘူး။ တောင်တစ်ခုလုံး နှင်းတွေ ဖုံးသွားပြီး သက်ရှိတွေ ဘယ်သူမှ အသက်မရှင်နိုင်တော့တာကို ဟုန်လျန်ဟာ ရှင်းလင်းဖို့ ရောက်လာတယ်။ ဟုန်လျန်က ရောက်လာတော့ မျက်နှာ မကောင်းဘူး။ ပင်းရှီဟာလည်း အခုချိန်မှာ ဘယ်သူက ဘာပြောပြော.. ဂရုစိုက်ဖို့ ဆန္ဒသေးသေးလေးတောင် မရှိဘူး။

အစကတည်းက လူသားမျိုးနွယ်ဟာ.. တခြားသော မျိုးနွယ်တွေနဲ့ ယှဉ်ရင် နည်းပါးတယ်။ အခုဆို တောင်တစ်ခုမှာ နေထိုင်တဲ့ လူသားမျိုးနွယ်ဟာ ပင်းရှီ လက်ချက်ကြောင့် တစ်ဝက်လောက်ကို သေဆုံးသွားတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟုန်လျန်ဟာ သူ့နယ်မြေထဲက လူသားတွေ သေဆုံးမှုကို စိတ်မကောင်းဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သတ်ပြီး ပင်းရှီနဲ့ အချင်းများတာဟာ ကောင်းမွန်တာ မဟုတ်မှန်း သိတယ်။

အဲ့တာကြောင့် ပင်းရှီရဲ့ အိမ်တော်ကို ရောက်လာပြီးမှ.. စကားစပြောဖို့ ခက်တယ်။ ပြောရမယ် ဆိုရင် ဟုန်လျန်ရှီဟာ လက်ရှိ နတ်မင်း ဆယ်ဦးလုံးရဲ့ အမူအကျင့်တွေကို သိတယ်။ ပင်းရှီ ဆိုတဲ့ နတ်မင်းဟာ သူကိုယ်တိုင်ကလည်း ဘယ်အရာကိုမှ စိတ်ဝင်တစား မရှိသလို.. သူ့ကို ထိခိုက်စေတယ် ဆိုရင် တစ်လောကလုံးကို အေးခဲစေပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ တောင်တစ်ခုလုံးကို အေးခဲစေပစ်တယ် ဆိုတာ ပင်းရှီမှာ တိကျပြီး သေချာတဲ့ အကြောင်းပြချက် လုံလုံလောက်လောက် ရှိမယ် ဆိုတာ ဟုန်လျန် သိတယ်။ အဲ့တာကို မေးမြန်းဖို့က သိပ်ပြီး ခက်ခဲနေပြန်တယ်။

‘ဟုန်လျန်.. မင်းက ဘာကိစ္စ ငါ့အိမ်တော်ကို အလည်လာတာလဲ နေ့တစ်ဝက်လောက် ငုတ်တုတ် ထိုင်နေဖို့တော့ ဟုတ်မယ် မထင်ဘူး..’

ပင်းရှီဟာလည်း တောင်တစ်ခုလုံး အေးခဲသွားစေမှု အတွက် ဟုန်လျန်ရှီ လာဖို့ကို မျှော်လင့်ထားပြီးသား.. ဒါပေမယ့်.. ဟုန်လျန် ရောက်လာတာက စောလွန်းတယ်။ သူ့ရဲ့ လူသားလေးကိုတောင် ပြေလည်ဖို့ သူ မကြိုးစားရသေးဘူး။ အဲ့တာမှာ ဟုန်လျန်ကို စိတ်ကျေနပ်စေဆိုတာ ပိုပြီး ဝေးသွားပြီ။ စကားအဖြစ်တောင် ပြောနေဖို့ မလိုဘူး။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Wo Geschichten leben. Entdecke jetzt