မင်းက ငါ့အပိုင်

10.3K 1.1K 88
                                    


‘ဒါကို လူသားတွေ အချင်းချင်း မလုပ်ကြတာ ငါသိတယ်.. ဒါပေမယ့် ငါအဲ့လို လုပ်ရတာကို ကြိုက်တယ်.. ရှီး.. မင်းက.. တခြားလူတွေ အချင်းချင်း ပြောလေ့ ရှိတာမျိုး.. ချစ်စရာ အရမ်းကောင်းတယ်..’

ဘယ်တုန်းက ဒါတွေ အကုန်ကို သင်ယူပြီးသွားတာလဲ..၊

အဲ့နေ့ညအတွက် အိပ်ဖို့ကို ပင်းရှီဟာ မျက်နှာငယ်လေးနဲ့ ရှီးကို မကြည့်နေတယ်။ မသိရင် ရှီးက သူ့ကို နိုင်စားတဲ့အတိုင်းပဲ။ ဖြစ်တာက ရှီးက သူ့ကို သီးသန့်အိပ်ရာ ပြင်ပေးထားလို့ ဖြစ်တယ်။ သူ တစ်ပတ်လောက် လူသားလေးနဲ့ အတူတူ အိပ်ရာတစ်ခုတည်းမှာ အိပ်တာကို နေသားကျ ပြီးပြီ။

အခုဆို တစ်ယောက်တည်း အိပ်ရတာကို ပင်းရှီ မကြိုက်တော့ဘူး။ နှစ်ခု ဖြစ်နေတဲ့ အိပ်ရာတွေက ပင်းရှီကို မကျေမနပ် ဖြစ်စေတယ်။ ဒါပေမယ့် သူဟာ လူသားတွေရဲ့ အမူအကျင့်တွေကို လိုက်ပြီး လေ့လာမယ်လို့ ကတိပေးထားတာ။ ရှီးကို စိတ်မပျက်စေချင်ဘူး။ ဒါပေမယ့် သူ တစ်ယောက်တည်း အိပ်ဖို့ကိုလည်း ပင်းရှီ ကန့်ကွက်တယ်။

‘ရှီး.. ငါ ဒီည မအိပ်တော့ဘူး ငါမင်းကို စောင့်ပေးမယ်..’

ရှီးက ပင်းရှီ ဖြစ်နေတာကို သိပ်ပြီး နားမလည်ဘူး။ အဲ့တာကြောင့်မို့ စေတနာနဲ့ မေးခွန်းမေးတယ်။

‘နတ်မင်း.. အိပ်လို့ မရဘူးလား.. ပူနေလို့လား..’

ရှီးက သူထင်တာကို မေးလိုက်တာ ပင်းရှီဟာ ရှီးကို သူ ဖြစ်နေတာကို ပြောပြချင်လွန်းလို့ တစ်ပိုင်းသေနေပြီ။ အဲ့တာနဲ့ပဲ ဝမ်းသာအားရ ခေါင်းခါယမ်းလိုက်ပြီးမှ ပြောတယ်။

‘ငါ တစ်ယောက်တည်း မအိပ်ချင်ဘူး.. ငါ မင်းနဲ့ အိပ်တာကို ကျင့်သားရနေပြီ..’

ရှီးက ချက်ချင်းပဲ ခေါင်းယမ်းတယ်။ ဒီနတ်မင်းဟာ ရူးနေတယ်လို့ ဆိုတဲ့ အတွေးက ပိုပြီး ခိုင်မာလာတယ်။ ဒါပေမယ့် အကြောင်းပြချက်တော့ မပေးလို့ မရဘူး။

‘လူသားတွေက အဲ့လို အတူတူ မအိပ်ကြဘူး..’

‘လိမ်တယ်..’

ပင်းရှီက ရှီးလက်ကို ကိုင်ပြီး တခြားနေရာကို ရွေ့ပြောင်းလိုက်တယ်။ သူတို့ ရောက်သွားတဲ့ နေရာက ရွာထဲက အခုမှ ယူထားတာ မကြာသေးတဲ့ လင်မယားရဲ့ အိပ်ခန်းထဲကိုပဲ ဖြစ်တယ်။ ကုတင်ပေါ်က လူနှစ်ယောက်ဟာ ပူးကပ်ပြီး ဖက်တွယ်ထားတယ်။ ပင်းရှီက ရှီးကို လက်ညိုးထိုးပြပြီးမှ.. သက်သေပြတယ်။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now