အပိုင်း-၁၅ ငါလည်း ကြောက်တတ်ပြီ

6K 897 146
                                    

အတူတူ နေလာတာ နှစ်ပေါင်း ရာကျော်နေပြီ။ ရှီး သူ့ကို ထိတ်လန့်တတ်နေဆဲ ဆိုတာကို ပင်းဟာ သိထားတယ်။ ဒါပေမယ့် ဒီကြောက်တတ်တဲ့ လူသားလေးကို လက်လွတ်လိုက်ဖို့ ပင်း ဘယ်တုန်းကမှ မတွေးမိဘူး။ ကြောက်တတ်တာဟာ အပြစ်တစ်ခု မဟုတ်ဘူး။ ကြောက်တတ်တဲ့လူသားကို ချစ်မိတဲ့ သူကသာ အပြစ် ဖြစ်နေမလား ဆိုတာကို ပင်းဆက်မတွေးတတ်ဘူး။

ပင်းသိထားတာက ရှီး ဘာပဲ ဖြစ်ဖြစ် သူ လက်ခံနိုင်ဖို့ တစ်ခုတည်းကို ဖြစ်တယ်။

ဟုန်လျန်ဟာ သိပ်မကြာခင်မှာပဲ ပင်းရဲ့ ရေခဲအိမ်တော်ကို ရောက်လာတယ်။ ပြီးတော့ ကျေးဇူးတင် စကားကို ဆိုတယ်။ ပင်းဟာ စွမ်းအားတွေ လျော့သွားတယ်လို့ ဆိုပေမယ့် သိပ်ပြီး ဘာမှမဖြစ်သလိုပဲ။ ဟုန်လျန် ရောက်လာပြီးတော့မှ ကျိုးရှီဟာ.. ရောက်လာတယ်။

ပထမဆုံး ကျိုးရှီက ရှီးရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပေးတယ်။ ကျိုးရှီ ရဲ့ လက်ထဲက ခရမ်းရောင် စွမ်းအား အငွေ့တွေကို ရှီးက ထိတ်လန့်ပြီး တုန်ရင်နေတာကြောင့် ပင်းက ရှီးကို ပွေ့ဖက်ထားတယ်။ ကျိုးရှီးက ခပ်အေးအေးပဲ ရှင်းပြတယ်။

'ဒါက မင်းကို တစ်ခုခု ဒုက္ခပေးမှာ မဟုတ်ဘူး မင်းရဲ့ ခန္ဓာကိုယ်ကို နည်းနည်းလေး ပြုပြင်ရုံလေးပါ.. နတ်တွေရဲ့ အသက်ဓာတ် ပါတာကြောင့် နည်းနည်း ပူမယ်.. ဒါပါပဲ.. မင်းရဲ့ ကိုယ်ထဲမှာ ပင်းရဲ့ နှလုံးသား ရှိတာကြောင့်.. မင်း ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး..'

ရှီးဟာ ပင်းကို အားကိုးတကြီး မော့ကြည့်တယ်။ ပင်းက ရှီးကို ပွေ့ပိုက်လိုက်ပြီးမှ ခပ်တိုးတိုးပြောတယ်။

'မင်း ကလေး မလိုချင်ဘူးလား.. ရှီး..'

ရှီးဟာ ခေါင်းယမ်း လိုက်မိတော့မလိုပဲ။ ဒါပေမယ့် ပင်းရဲ့ မျက်လုံးတွေကို ကြည့်လိုက်မိတာနဲ့ ခေါင်းညိတ် လိုက်မိတယ်။ ကျိုးရှီက ရှီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ခရမ်းရောင် အငွေ့တချို့ ရစ်သိုင်းလိုက်တယ်။ အဲ့ဒီအငွေ့တွေဟာ အနည်းငယ် ပူနွေးနွေး ဖြစ်နေပေမယ့် ပင်းက ရှီးဆီကို အအေးဓာတ် ဖျဖျလေး သွင်းပေးလိုက်တော့ ကိုယ်အပူချိန်ဟာ အတော်လေးပဲ ဖြစ်သွားတယ်။ ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုကို ဖြည်းဖြည်းလေး ခံစားမိနေတယ်။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now