ဒါပေမယ့် ရှီးလုပ်နိုင်တာက ပင်းရှီရဲ့ လက်ထဲကနေ ခုန်ဆင်းပြီး.. သူ့အင်္ကျီတွေကို မချွတ်ပစ်အောင် အသေအလဲ ကုတ်တွယ်ထားရုံသာ တတ်နိုင်တာ ဖြစ်တယ်။ ပင်းရှီဟာ သူ့အိမ်မွေးတိရိစ္ဆာန်လေး ရေကြောက်တယ်လို့ ထင်သွားရှာတယ်။ အဲ့တာဟာလည်း ချီးရှီရဲ့ စာအုပ်ထဲမှာ ပါပြီးသား..၊ ပြောရရင် ချီးရှီ နတ်မင်းဟာ တော်တော်ထောင့်စေ့တယ်။ အားလုံးကို ရေးသားထားနိုင်တယ်။
'ရေက မအေးဘူး.. မင်းစိုးရိမ်ဖို့ မလိုဘူး..'
ရှီးဟာ.. အခုချိန်မှာ ရေထဲခုန်ဆင်းလို့.. သေသွားရမယ် ဆိုရင်တောင်မှ ခုန်ဆင်းပစ်ချင်တဲ့အထိ ရှက်နေတယ်။ ဒါကို ပင်းရှီ နတ်ဘုရားဟာ နားမလည်ဘူး။ ဒါနဲ့ပဲ ရေမချိုးချင်တဲ့ သူ့ရဲ့ အိမ်မွေးလူသားလေးကို အဝတ်တွေ ချွတ်ပေးဖို့ လက်ကို ဝှေ့ယမ်း လိုက်တော့တယ်။
ခန္ဓာကိုယ်ပေါ်မှာ အေးခနဲ ဖြစ်သွားခြင်းအရ သူ့ကိုယ်ပေါ်မှာက အဝတ်တွေ ပျောက်ကွယ်သွားပြီမှန်း ရှီးပိုင်သိလိုက်တယ်။ မျက်လုံးတွေကို တင်းတင်းမှိတ်ထားရင်း သိလိုက်တယ် ဆိုတဲ့ အသိတရား နောက်မှာတော့ ရှီးရဲ့ အသိတရားတို့က ရှီးကို နှုတ်ဆက် လက်ပြ သွားခဲ့လေသည်။
အင်္ကျီလေး ချွတ်လိုက်ရုံနဲ့တင် မေ့မျောသွားသော အိမ်မွေးလူသားငယ်ရဲ့ ရေကြောက်မှုအား ပင်းရှီ နားမလည်သလို ဖြစ်မိတယ်။ အဝတ်မပါသော ကိုယ်လေးကို ဆွဲယူပွေ့ချီ ထားလိုက်ရပေမယ့် ရေမချိုးပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီးမှ.. ရေကန်ရှိတဲ့ အခန်းထဲကနေ လှည့်ထွက်လာခဲ့တယ်။ ပြီးတော့ ပင်းရှီက ခပ်တိုးတိုး မှတ်ချက်ချခဲ့တယ်။
'လူသားတွေက ရေကြောက်တယ်..'
ပင်းရှီ ရှီးပိုင်ကို သလွန်ပေါ်မှာ အသာလေး ချလိုက်ပြီးမှ ရေခဲဖြင့် ပြုလုပ်ထားသော ရေဇလုံကို မယူကာ.. သလွန်ဘေးမှာပဲ လေပေါ်မှာ ပျံဝဲခိုင်းထားတယ်။ အဝတ်စဖြူလေး တစ်စကို လှမ်းယူလိုက်ပြီးမှ.. ရေဇလုံထဲကို နှစ်လိုက်ပြီး ဝင်းပတဲ့ နေရောင်ခြည်လို အသားလေးတွေ ပေါ်မှာ ရေစိုဝတ်နဲ့ ရေသုတ်ပေးမိတယ်။
ဒါက ချီးရှီရဲ့ နောက်ထပ် နည်းလမ်းတစ်ခုပဲ။ ဒါကလည်း မဆိုးဘူးလို့ ပြောလို့ ရတယ်။ ရင်ဘတ်တွေ ဗိုက်တွေ ပုခုံးတွေ.. တစ်နေရာမှ မကျန်အောင် ရေစိုဝတ်နဲ့ ပွတ်သုတ်ရင်း.. မြင်နေရတဲ့ ခန္ဓာကိုယ်လေးကို ပင်းရှီဟာ အားမရဘူး။ လေတိုက်ရင် အရိုးတွေ ကျိုးသွားမလား လို့တောင် ထင်မိတယ်။
YOU ARE READING
The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)
RomanceBLကို ဇာတ်လမ်းရှည် တစ်ခါမှ မရေးဖူးပါဘူး အခုတော့ ဖန်တီး ကြည့်တာပေါ့ မကောင်းဘူး ဆိုလည်း မကောင်းဘူး အဆင်ပြေပါတယ် ဘာသာပြန်ထဲတော့ မထည့်ပေးနဲ့နော် ?? တစ်ခါတုန်းက ကောင်းကင် နန်းတော်.. ဆိုတာကို ရေးလက်စ အတွဲလေးတွေနဲ့ ဆက်စပ် ရေးသားထားတာပါ ဘယ်သူက ဘယ်သူ ဆိုတာ...