အပိုင်း-၁၃ ကျိုးရှီကို ပြန်ပေးဆွဲခဲ့မယ်

7K 908 258
                                    


‘ငါသာ သူ့ကို မကူညီဘူး ဆိုရင် သနားစရာ ဟော်ရဲ့ရှီဟာ.. ကောင်မလေးကို မထိနိုင် မတွေ့နိုင် ဖြစ်နေမှာ.. အဲ့တာဟာ ဘယ်လောက် ထိန်းချုပ်ရ ခက်တယ် ဆိုတာ ငါသိပြီးပြီ..’

ရှီးရဲ့ မျက်နှာဟာ ချက်ချင်းပဲ ရဲတက်လာပြီး ပင်းနဲ့ ခပ်ဝေးဝေးကို တိုးမိတယ်။ ပင်းက ရှီး ဖြစ်သွားတာကို သွားတွေ ပေါ်လာတဲ့အထိ ရယ်မောလိုက်ပြီးမှ..

‘မင်းနဲ့ငါ လက်ထပ် ထားတာ နှစ်နှစ်ရာ ရှိပြီ မင်း ငါ့ကို ရှက်နေတုန်းပဲလား..’

‘ငါ့အနား ကပ်မလာနဲ့..’

ပင်းဟာ အဆက်မပြတ် ရယ်မောရင်း ရှီးကို ပွေ့ချီလျက် ပျံတက်သွားရင်း.. နဖူးကို နမ်းလျက်ဖြင့်..

‘ဘယ်လို လုပ်မလဲ ငါမှ မင်းမရှိပဲ မနေတတ်တော့တာ..’

ပင်းပြောလိုက်တဲ့ စကားကို နားဝင်ချိုစွာနှင့် ရှီး ပြုံးလိုက်မိတယ်။ အပြစ်တင်လိုက်ဖို့ကိုလည်း မမေ့မလျော့နှင့်..

‘အပိုတွေ လျှောက်ပြောနေတာ.. ပင်း ဘယ်တုန်းက ဒါတွေ တတ်သွားတာပဲ..’

‘ငါပြောလိုက်လို့ မင်းသဘောကျသွား တတ်တာတွေကို မှတ်ထားတာ..’

‘ငါ ဘယ်တုန်းက သဘောကျတယ် ပြောလို့လဲ..’

ထိုသို့သော စကားနိုင်လုခြင်း များက ပင်းနှင့် ရှီးကြားတွင် နေ့စဉ် ရှိတတ်တဲ့ အဖြစ်အပျက်သာ ဖြစ်တယ်။ ပင်းက ရှီးကို စနောက်ရတာကို အရမ်း သဘောကျတတ်လာပြီး.. ပြောင်းလဲတဲ့ အမူအကျင့်တွေကတော့ ရှီးအနားမှာ အဆက်မပြတ် ကပ်နေချင်တာပဲ ဖြစ်တယ်။ အရယ်အပြုံး ကင်းမဲ့တတ်တဲ့ ပင်းဟာ ရှီးအရှေ့မှာဆို စနောက်တတ်တဲ့ လူပျက်လိုပဲ ပြုမူလေ့ ရှိတယ်။

ဟော်ရဲ့ရှီနဲ့ လုံရှီရဲ့ လေးယောက်မြောက် သမီးတော်.. လုံရန် တို့ မင်္ဂလာဆောင် ဖိတ်စာကို လက်ခံ ရရှိခဲ့တယ်။ လုံရှီကတော့ ဒီမင်္ဂလာဆောင်ကို သဘောမတူဘူး ဖြစ်တဲ့ အတွက် နတ်မင်းတွေဟာ မင်္ဂလာပွဲ တက်ရောက်ဖို့ မတက်ရောက်ဖို့ကို တွေးတော ရတယ်။ ဟုန်လျန်ကတော့ ခပ်အေးအေးနဲ့ပဲ နေမကောင်းလို့ မင်္ဂလာဆောင် မတက်နိုင်ဘူးလို့ ဆိုလိုက်တယ်။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now