အဲ့လိုမနမ်းနဲ့.. အဲ့လို.. နမ်း

10.5K 1.2K 289
                                    


ပင်းရှီဟာ ရင်ခွင်ထဲက ရှီးကို တင်းကျပ်စွာ ပွေ့ပိုက်ထားတယ်။ နေမကောင်းသေးလို့ မလှုပ်ရှားနေသေးတဲ့ ရှီးဟာ ပင်းရှီရဲ့ ပွေ့ဖက်မှု အောက်မှာ မွန်းကျပ်လာသလိုတောင် ခံစားရတယ်။ ရှီးဟာ ပင်းရှီကို စိတ်ထဲကနေ ပြန်ပြောနေမိတယ်။ ပြောတော့ အသက်ရှည်ရှည်နေပါတဲ့.. အခုပဲ ညစ်သတ်တော့မလို ခံစားရတယ်..၊

@@@@@@@@@@@

ဟုန်လျန်ဟာ.. တခြားသော နတ်မင်းတွေ အားလုံးကို စည်းရုံးနိုင်ပေမယ့် လုံရှီ နတ်မင်းကိုတော့ မစည်းရုံးနိုင်ပဲ ဖြစ်ခဲ့တယ်။ လုံရှီ ဆိုတဲ့ ရေနဂါး နတ်မင်းဟာ.. တခြားသော စွမ်းအားမြင့် မျိုးနွယ်စုတွေ ခွဲခြားပြီး နေထိုင်မှာကို အပြင်းအထန် ကန့်ကွက်တယ်။ ဘာလို့လဲ ဆိုတော့ လုံရှီဟာ များပြားလှသော ဇနီးတွေနဲ့ ကလေးတွေ ရှိတယ်။ အဲ့တာကြောင့် သူက နေထိုင်ဖို့ကို အခက်ခဲ ဖြစ်နေမယ်လို့ တွေးထင်နေတယ်။ အဲ့တာနဲ့ပဲ ဟုန်လျန်ဟာ လုံရှီကို မပါဝင်စေတော့ဘူး။

ဟုန်လျန်က ပါဝင်ရမယ့် နတ်မင်းတွေ အားလုံးကို ခေါ်ယူပြီး သူ့အိမ်တော် အသစ်ကို ဖိတ်ကြားလိုက်တယ်။ သူ့ရဲ့ အိမ်တော်ဟာ မကြာသေးခင်ကမှ ပြန်ပြီး တည်ဆောက်ထားရတာ။ ရောက်ရှိလာကြတဲ့ နတ်တွေက ဟုန်လျန်ရဲ့ အိမ်တော် အသစ်ကို ချီးမွမ်းနေကြတယ်။ သစ်တွေနဲ့ တည်ဆောက်ထားပြီး အထပ်အဆင့်တွေနဲ့ ဆေးကုသမှု ခံယူဖို့ အလွှာတွေ ပါပါဝင်ပြီး အရမ်းကို ကြီးမားတဲ့ အိမ်တော်က အခန်းတွေ အဝှိုက်တွေပါ ပါဝင်တယ်။

အခန်းတိုင်းရဲ့ တင့်တယ်မှုဟာ လှပတဲ့ လက်ရာတွေနဲ့ ဆန်းသစ်တယ်။ တစ်ကယ်တန်း ဒီအိမ်တော်ဟာ ပင်းရှီရဲ့ ကျေးဇူးကြောင့် ရလာတာလို့ ပြောရရင် ပိုကောင်းမယ်။ ပင်းရှီ ဖျက်စီးလိုက်လို့ ပြိုကျသွားတဲ့ အိမ်တော် နေရာမှာ.. ဟုန်လျန်ရဲ့ နယ်မြေက စွမ်းအားရှိ စွမ်းအားမဲ့ နတ်ငယ်တွေ ပြီးတော့ တခြား မျိုးနွယ်တွေ ကပါ အားလုံး စုပေါင်းပြီး ဒီလို လှပတင့်တယ်ပြီး ကြီးမားခမ်းနားတဲ့ အိမ်တော်ကြီးကို ဟုန်လျန်အတွက် သုံးရက်အတွင်း ပြန်ပြီး တည်ဆောက်ပေးခဲ့တာပဲ ဖြစ်တယ်။

အိမ်တော် အတွင်းက အိမ်တော် အလည်တည့်တည့်မှာ ရှည်လျားပြီး ထုထည်ကြီးမားတဲ့ ကျောက်စားပွဲကြီးကို ချထားတယ်။ အဲ့ ကျောက်စားပွဲကြီးဟာ ဟုန်လျန် တရားမျှတမှု တရားမမျှတမှုကို ဖြေရှင်းရာမှာ အသုံးပြုတာပဲ ဖြစ်တယ်။ နေ့စဉ်နေ့တိုင်းမှာ ဒီကျောက်စားပွဲကြီး တစ်ဖက် တစ်ချက်မှာ ငြင်းခုန်နေတဲ့ လူသားတွေ ပြီးတော့ နတ်ငယ်တွေ မတူညီတဲ့ မျိုးစိတ် အမျိုးမျိုးဟာ.. တရားမျှတမှုကို ရှာဖွေဖို့ ရောက်လာပြီး ဟုန်လျန်ရဲ့ အိမ်တော်မှာ လာရောက် ငြင်းခုန်ကြတယ်။

The Legend of Heaven (တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ..)Where stories live. Discover now