ဗုန်း!!!!...
Mrs.Do တစ်ယောက် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတုန်း နောက်လှည်ကြည့်လိုက်တော့...
ထမင်းစားခုံ အောက်မှာ ပက်လက်လေး လန်နေသော Jongineeလေး.....
"အို... မား.. သားလေး ချော်လဲ ပြန်ပြီ... ထ.ထ အုံဖွ..အုံဖွ.."
ပါးစပ်ကပြောလည်းပြော လက်က ဆွဲလည်းထူးရော...
"မား..နာ..နာ... အင့်..ဟင့်.."
သူနာသွားတဲ့နေရာလေးကို လက်ညိုးထိုးပြီး တအိအိနဲ့ခွေးပေါက်လေးလိုငိုနေတာT~T
Do kyungsooသာ သိရင်တော့ အော်ခံရမယ့်ကိန်း<_>
"ဟုတ်တာပေါ့ .. မား..ရဲ့ သားငယ်လေး နားသွားတာလား??"
"အွင်း.."
မျက်ရည်စက်လက်နဲ့ပင် ခေါင်းတဆက်ဆက်ငြိမ့်သေး...
"သားငယ်လေးက ဘာလို့အပေါ်ကို တတ်တာတုန်း...
တတ်ချင်ရင် မား.. ကိုပြောပေါ့ သားငယ်လေးရဲ့..""မား.မား.မန်.မန်မန်.."
"သားငယ်က ချိုချို ဆာနေလို့လား..."
"အွင်း.. ချို ချို..T~T "
အဲ့တာကြောင့်ဒီကလေးလေး ဗိုက်ဆာလို့ ခုံ ပေါ်တတ်တော့ ပြုတ်ကြတာနေမှာ...
ခုဆို jongineeလေးက 3နှစ်တောင်ရောက်လို့ စကားမပီတပီ ပြောတတ်နေပြီ...
သားကြီးရဲ့ အချစ်တော်ပေါ့...
နေ့လည်ဘက်ဆို အိပ်တယ် .နိုးရင် သူပြောတတ်တဲ့ ချို ချို..တောင်းမယ်...ညနေကြ သူ့ကိုကို ကျွေးတဲ့ ထမင်းမှ စားတယ်
လူကြီးတွေ ကျွေးရင် ပါးစပ် ကို ယောင်လို့တောင်မဟ
သူ့ကိုကို ကျွေးမှသာ စားတတ်တဲ့အကျင့် ခွေးစုတ်လေး<_>
"ဟေ့ ..သားမိတွေ ဘာတွေ အလုပ်ရှုပ်နေတာတုန်း...
ပါး..ရဲ့ အသည်းတုံးလေးလာပါဦး... မွ.."