💖 3 💖

3.7K 292 2
                                    

Kyungsoo point of view...

" ​ဟော!! သား​Kyung ​လေးတောင်​ ဆင်းလာပြီ....
မလာ​သေးရင်​ omma ကလာ​ခေါ်​တော့မလို့..."

ဟီး...အိပ်​တာ ကြသွားတယ်​ထင်​ပါ့...အခု​တောငိ ineeက လက်​​ပေါ်မှာ....ပုခုံး​ပေါ်​ခေါင်းမှီပြီး... အိပ်​​နေတာ.... ဆင်​​အော်​ရင်​​တောင်​နိးမယ်​မထင်​....

"ဟုတ်​တယ်​ မား... သားတို့ အိပ်​​ပျော်​သွားလို့... ခု​တောင်​ကြည့်​ ငပျင်း​လေးလုပ်​နေတာကို..."

မား.. ကို ပြလိုက်​​တော့....

"​အေး ​လေကွယ်​ ထမင်းစားချိန်​ကြီးကို... အိပ်​​နေတယ်​... နှိုးလိုက်​​တော့...သား... ညကြ သားကို ​မွှေ​နေဦးမယ်​..."

ပါး...​ပြောလည်း ​ပြောစရာပင်​.. အချိန်​ မ​တော်​​တွေအိပ်​..ညကြရင်​ ​​မွှေပြီ... inee ဗိုက်​က ချာ​နေတာတို့...  ရှုးရှူး က​ပေါက်​ချင်​တာတို့ မရိုးနိုင်​​အောင်​​မွှေပါတယ်​....

ခု​တော့ ရတဲ့ နည်း​လေးနဲ့ နှိုးကြည့်​ရမှာပင်​....

" ​ဘေဘီ​လေး... ထ​တော့​လေ... ကိုကို က မန်​မန်​​ကျွေးမယ်​​လေ...
  မစားဘူးဆိုရင်​ .. ကိုကိုက ​ခွေးကြီးကို ​ကျွေးပလိုက်​ရမလား..ဟင်​"

ဘယ်​ဟာကိုပဲ ဖြစ်​ဖြစ်​ ​ခွေးကြီးလို့သာ ​ပြောရင်​ ဘူးခံ ငြင်းတတ်​တာ..အဲ့က​လေးအကျင့်​ပင်​....

"ဟင့်​...​ခွေးကြီးက ချား​တော့ inee မန်​မန်​ မချားရဘဲ ​နေမှာ​ပေါ့လို့..အီး...ဝါး.... မား....တိုတို...က ​ineee ကိုချစ်​ပဲ... ​ခွေးကြီးး..ကို ချစ်​တယ်​တဲ့..အီး....ဝါး..."

ပြောကာမှ ပြဲ​နေ​အောင်​ ငို​တော့တာပင်​....

"ဒါဆို..မား..သား​လေးက မန်​မန်​ စားမလား....
ခွေးကြီးကို မ​ကျွေးရင်​..."

မား... ကဝင်​​ပြော​တော့မှ...

"အွင်း... ineeeက ချားမှာ...  ​ခွေးကြီး ကိုမ​ကျွေးနဲ့.. ineeကို​ကျွေး​နော်​..."

ကြည့်​...​ပြော​နေတာ မျက်​နှာငယ်​​လေးနဲ့... အဲ့တာ​ကြောင့်​မို့..သူ့ကိုဆို တစ်​အိမ်​လုံးက ချစ်​ကြတာပင်​...
ဘာပဲ လုပ်​လုပ်​... ချစ်​စရာ​ကောင်း​နေတာကို....

Sweet is My Love (Completed )Where stories live. Discover now