💖 Ending 💖

3.7K 212 31
                                    

"သားတို့...မြန်မြန်လုပ်လေ...ဝတ်စုံ သွားရွေးကြမယ်ဆို..."

"ဟုတ်ကဲ့..မားရေ...လာခဲ့မယ်နော်.."

အောက်က...အော်နေတဲ့..မားကို...အားနာပေမဲ့..ဘေးကကောင်စုတ်လေးကိုတော့သူစိတ်တိုနေပါတယ်...

"Inee မြန်မြန်လုပ်...မား..အော်နေပြီလေ.."

"အာ...ဘာလဲ...hyungရာ..ဒါလေးlevelအောင်ရင်..sehunကိုနိုင်ပြီဗျ...ခဏပဲ...မြန်မြန်လုပ်လိုက်မယ်.."

အလုပ်ကြိုးစားနေတော့လည်း...ပြောမနေတော့ဘူး....ကိုယ်လက်ထပ်တာ..ကလေးကိုလက်ထပ်တာဆိုတော့...ဒီလောက်တော့ သူလိုက်လျောနိုင်ပါတယ်...

ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့် ချစ်ရသလို...
ကြီးလာတော့လည်း...မျက်စိအောက်က အပျောက်မခံနိုင်အောင်..ချစ်လာရတယ်မလား???

သူအဲ့တာကြောင့်...ဒီကလေးကို...ငုံထားမတတ်ချစ်သလို...
အရာရာကိုအလိုလိုက်နိုင်တဲ့အထိကိုလည်း...သူချစ်ပါတယ်...

"ဟုတ်ပြီ...တစ်ပွဲပဲနော်...ကြာနေရင်...မား..စိတ်ဆိုးမယ်ဆိုးတာသိတယ်နော်.."

ဆံပင်လေးဖွပြီး...ကောင်းကောင်းမွန်မွန်နားဝင်အောင်ပြောတော့...

"ဟုတ်ကဲ့ hyung...inneeက တစ်ပွဲပဲဆော့တော့မှာ...hyungက..innee ဘေးလာထိုင်နော်...."

သူ့လက်ကိုပါဆွဲပြီး...သူ့ဘေးနားအတင်းထိုင်ခိုင်းတော့...ကလေးစုတ်ရဲ့...ပုခုံးကိုသာ ခေါင်းလေးစောင်းမှီနေလိုက်တော့တယ်....
ဆူခံရတော့လည်း...နှစ်ယောက်သားပျော်ပျော်ပါးပါးပဲ...

"Yay...Yes..နိုင်ပြီကွ..."

သူတစ်ပွဲ တစ်ပွဲနဲ့...ရှုံးတိုင်းဆော့နေတာ...ခုတော့....နိုင်သွားရှာပြီ!!!

ပုခုံးပေါ်ခေါင်းမှီအိပ်နေတဲ့...hyungကိုကြည့်မိတော့...သူအားနာသွားရပြန်!!

Wedding တွက်..ဝတ်စုံ သွားရွေးမယ် ပြောထားတာကို...မေ့ပြီး..
Gameထဲဈာန်ဝင်သွားတော့....အချိန်တွေကြာသွားမှန်းမသိလိုက်..

Hyungက ဘေးနားကနေ အိပ်ပျော်သွားတယ်.....

သူ့ပုခုံးပေါ်တင်ထားတဲ့...hyung ပါးဖောင်းဖောင်းလေးတွေက...
ကိုက်ချင်စရာ...အူယားစရာ..ပြည့်ပြည့်ဖောင်းဖောင်းလေးတွေ...

Sweet is My Love (Completed )Where stories live. Discover now