ဗုန်း!!!!...
Mrs.Do တစ်ယောက်မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတုန်းနောက်လှည်ကြည့်လိုက်တော့...
ထမင်းစားခုံအောက်မှာ ပက်လက်လေး လန်နေသော Jongineeလေး.....
"အို... မား.. သားလေးချော်လဲ ပြန်ပြီ... ထ.ထ အုံဖွ..အုံဖွ.."
ပါးစပ်ကပြောလည်းပြော လက်က ဆွဲလည်းထူးရော...
"မား..နာ..နာ... အင့်..ဟင့်.."
သူနာသွားတဲ့နေရာလေးကို လက်ညိုးထိုးပြီး တအိအိနဲ့ခွေးပေါက်လေးလိုငိုနေတာT~T
Do kyungsooသာ သိရင်တော့အော်ခံရမယ့်ကိန်း<_>
"ဟုတ်တာပေါ့ .. မား..ရဲ့ သားငယ်လေး နားသွားတာလား??"
"အွင်း.."
မျက်ရည်စက်လက်နဲ့ပင်ခေါင်းတဆက်ဆက်ငြိမ့်သေး...
"သားငယ်လေးက ဘာလို့အပေါ်ကို တတ်တာတုန်း...
တတ်ချင်ရင်မား.. ကိုပြောပေါ့ သားငယ်လေးရဲ့..""မား.မား.မန်.မန်မန်.."
"သားငယ်က ချိုချို ဆာနေလို့လား..."
"အွင်း.. ချို ချို..T~T "
အဲ့တာကြောင့်ဒီကလေးလေး ဗိုက်ဆာလို့ ခုံပေါ်တတ်တော့ ပြုတ်ကြတာနေမှာ...
ခုဆို jongineeလေးက 3နှစ်တောင်ရောက်လို့ စကားမပီတပီပြောတတ်နေပြီ...
သားကြီးရဲ့ အချစ်တော်ပေါ့...
နေ့လည်ဘက်ဆို အိပ်တယ်.နိုးရင်သူပြောတတ်တဲ့ ချို ချို..တောင်းမယ်...ညနေကြ သူ့ကိုကိုကျွေးတဲ့ ထမင်းမှ စားတယ်
လူကြီးတွေကျွေးရင်ပါးစပ်ကိုယောင်လို့တောင်မဟ
သူ့ကိုကိုကျွေးမှသာ စားတတ်တဲ့အကျင့်ခွေးစုတ်လေး<_>
"ဟေ့ ..သားမိတွေ ဘာတွေ အလုပ်ရှုပ်နေတာတုန်း...
ပါး..ရဲ့ အသည်းတုံးလေးလာပါဦး... မွ.."သူ့ ပါးခေါ်တော့ ထမင်းစားပွဲ ခုံပေါ်ကနေ လက်ခုပ်လေးတီးပြီးခေါ်ဖို့ပြောနေတာ.. သူ့ကိုကို သာ မြင်ရင်အဲ့ကလေး ပါးကြီးတော့ အကွင်းလိုက်ကိုက်ခံရမှာအမှန်ပင်..