Hyungက..ချစ်ကြောင်းဝန်ခံနေပေမဲ့...
အတိုင်းမသိ..တကယ်ပင်ပျော်ပေမဲ့လည်း..
ရင်ဘက်ထဲမှာ..ဗြောင်းဆန်နေလွန်းလို့...
ဘာပြောလို့..ပြောရမှန်းမသိအောင်...
အတိုင်းမသိကို..ဝမ်းသာလွန်းလို့..
ကျောက်ရုပ်ကြီးအတိုင်းပင်..."inee..ကိုကို့ ကို..မချစ်လို့လား??..စကားတောင်ပြန်မပြောဘူးဆိုတော့..
ကိုကို့ဖွင့်ပြောလိုက်လုိ့..စိတ်ဆိုးသွားတာလား..?? "ကိုယ်ကျောက်ရုပ်ဖြစ်နေတာကို..သူကမသိရှာပဲ..
တစ်ယောက်တည်းတွေးပူနေပြန်ပြီ~~
hyungရာ.အဲ့လောက်ထိတောင်..ချစ်ရလား..??"စိတ်ဆိုးတယ်..hyung.."
လေသံဖျော့ဖျော့လေးနဲ့..ပြောလိုက်တာပါ...
တအားကြီး..မာန်တင်းနေတဲ့..ပုံစံမဟုတ်ဘူးပေါ့..."တကယ်ကြီး..စိတ်ဆိုးသွားတာလား...တောင်းပန်ပါတယ်..hyungတကယ်တောင်းပန်ပါတယ်...မလိုအပ်တာတွေ..ပြောမိတယ်ထင်ပါ့...တောင်းပန်တယ်နော်..."
ချက်ချင်းကို..ခေါင်းလေးငုံ..လေသံတိုးတိုးလေးနဲ့...
ပြောပြီးတော့ကို..လှည့်ထွက်သွားတာ....
အသည်းကလည်း..နုပါ့..hyungရယ်.."ဟာ!!..အဖြေတောင်မတောင်းပဲနဲ့..လှည့်ထွက်သွားတော့မလို့လား..
သဘောပေါ့ဗျာ..ဒီကချစ်တယ်လို့..ပြောမလို့ဟာကို..ရပါတယ်..နားမထောင်ချင်လည်း..hyungကတကယ်မှ..မချစ်တာကို.."ဘယ်ရမလဲ..သူ့လောက်ကတော့..သာသာယာယာနိုင်ပြီးသား...
အသံကြားတာနဲ့ကို..ချက်ချင်းလှည့်လာပြီး....
ရင်ခွင်ထဲကို..တိုးဝင်လာတော့တာပဲ..."လန့်သွားတာ!! တကယ်ကြီးစိတ်ဆိုးသွားတယ်ထင်တာ...
hyungအချစ်တွေကို..လက်မခံဘူးထင်ခဲ့တာ..ဟင့်..""ပေါက်ကရတွေ..တွေးတတ်လွန်းတာလည်း..hyungအပြင်နှစ်ယောက်မရှိဘူး...စိတ်ဆိုးတယ်..
စိတ်ဆိုးတာက..ကျွန်တော်အရင်ပြောမယ့်စကားကို..hyungကအရင်ပြောသွားတာကို..ဟွန့်...""သိပါပု...ကိုကိုက..အရဲစွန့်ပြီးပြောလိုက်ရတာ..သူကတော့..သူမပြောလို့..ကောက်နေသေးတယ်..ခုချိန်ထိလည်း..ချစ်တယ်လို့လဲတစ်လုံးမှမပြောရသေးဘဲ.."