Kim jongin pointof view....
"Kim jongin!!! " ဒါပဲ လိုချင်တဲ့အချက်က အဲ့လိုပြဲနေအောင်အော်တာကို လိုချင်တာ....
မား.. ကိုကြည့်လိုက်တော့ ကြောင်တောင်တောင်လေးနဲ့..
"Ineee..hyungကို ဘာသွားလုပ်ထားလို့ အော်နေရတာတုန်း.."
"မား.. ခဏစောင့် တော်ကြာ ငိုပါ ငိုလာတော့မှာ..."
"ဟင်.. ineee..."
"စိတ်မပူပါနဲ့ မားရယ်နော်..."
"အီး..ဟီး...းမား...ရေ.. kim jongin ကြီး.. သားကို ရုတ်မာနေတာ...အီး...ဟီး...."
ပြောတဲ့ အတိုင်းပင်... ငိုပြီး.. ဆင်းလာတာပင်...
hyung က ခုဆို... ဆေးကျောာင်းနောက်ဆုံးနှစ်ပင်.. များမကြာမှီဆို..ဆရာဝန်ပင် .. ဖြစ်တော့မှာကို ခုလိုငိုနေခြင်းပင်...
ပါး..က သူ့ကုမ္မဏီမှာ ဝင်လုပ်ခိုင်းတာကို... အတင်းငြင်းပြီးတော့ကို....ဆရာဝန်သာ လုပ်မယ်ဆို၍ လွှတ်ထားခြင်းပင်...
Hyungက တခါတလေ ကြ ကျွန်တော်ထက်တောင် ဆိုးတတ်တယ်....
သူက အကြီးလား.. ကိုယ့်က အငယ်လား မနည်းပင် ခွဲယူရတယ်..ဘာကြောင့်ဆရာဝန်လုပ်လည်းမေးရင် ..အဖြေက အမြဲတမ်း.. တစ်ခုတည်းသော အကြောင်းပြချက်ဆိုတာနဲ့တင်.. ဘယ်သောအခါမှ မေးလို့မရ...ပေ.....
"သား... ဘာလို့ ငိုရတာတုန်း..မား..ကိုပြောပြလေ.."
"ဟင့် ...မား...သားဗီရိုထဲက ineee ရှပ်အဖြူကို သိတယ်မလား...
အဲ့တာကို kim jongin က ပြန်ယူသွားလို့....အီး..ဟီး.... ဒီနေ့ exam ရှိပါတယ်ဆိုမှ.... အကျင့်ကယုတ်နေတာ..သိလား..မားရဲ့.. အီး....""သားရယ် exam တွက်စာမရသေးလို့လား...ရှပ်အဖြူနဲ့က ဘာဆိုင်လို့တုန်း..."
"မား... မသိပါဘူး... ပြန်ပေးဆိုနေ..kim jongin... ပြန်မပေးရင်...ငါမသွားပဲနေမှာနော်..."
"ဟာ.. hyung..."
ရှပ်က တော်တော်ပင် အရေးပါပုံ... သူသိပါတယ် ဘာလို့အဲ့ ရှပ် ကိုအရေးတယူဖြစ်နေလဲ သိချင်လို့...စောစောစီးစီးသွားပြီး..ဗီရိုကို မွှေ..အဲ့ ရှပ်ကို ယူလာခြင်းပင်...