Suho စုတ်တချက်သတ်၍ပင်...ခေါင်းတခါခါနဲ့..
စိုးရိမ်နေသောပုံလေးနဲ့ကိုပြောနေရတာ....ကိုယ့်ဟာကိုယ်မင်းသားလို့တောင်ထင်မိ...
သရုပ်ဆောင်ရတာ သိပ်ကောင်းသည်...
Kim Jongin ဖြစ်ပျက်နေသောမျက်နှာသည်...ပြိုတော့မဲ့မိုးလို...သူineeeကိုစရတာ တကယ်ကိုပျော်စရာပင်~~~
"စိတ်မကောင်းဘူးကွာ..ineeeမင်းရောဂါက..."
suho hyungပြောမယ့်စကားသံကိုနားထောင်ရခြင်းသည်...
ဆယ်ခါပြန်ပင်သေချင်စိတ်ပေါက်သည်...ပြောဖို့အရေးကို..."ရိုးရိုးခေါင်းကိုက်တာပါကွာ...မင်းအလုပ်တွေအရမ်းလုပ်လို့ ပင်ပန်းလို့ဖြစ်တာပါ....."
အဲ့တော့မှ သူရင်ထဲကအလုံးကြီးကျတေ့ာသည်...
Suho hyungသည်လူကိုစရတာတော်တော်ကြိုက်ပုံပင်..."hyungအဲ့တာကို...ဘာလို့ဓာတ်မှန်ရိုက်ရတာတုန်း...."
"လိုအပ်မယ်ထင်လို့ပေါ့ကွာ...ခုနေသာ..လူပုစိတ်တိုလာကြည့်ပါလား...
ဘာရောဂါဖြစ်ဖြစ်သေချာအောင်..ဓာတ်မှန်ရိုက်ရမယ်ဆိုတာ!! သိလား..မသိဘူးလားနဲ့..ငါ့ကိုလာဟောက်မှာလေ...အထူးသဖြင့်လူနာကမင်းဆိုပိုတောင်ဆိုးဦးမှာ...သိလား..ငါလေ ကျောပူတာခံနိုင်တယ်..
အဲ့လူပုစိတ်ရဲ့လေသံကိုနားမထောင်နိုင်ဘူး...မင်းသာနားထောင်နိုင်တာအံသြပါ့ "မေးတာကနည်းနည်းပြောတာ မပြီးနိုင်....
ZhangYixingတို့ ဘာကြည့်ကြိုက်မှန်းမသိ....
ကိုယ်ရဲ့ hyungဆိုစကားမပြောဘူး....
အငယ်ကိုဂျီကျပြီးပဲကောက်တာ"hyungပြောလို့ပြီးပြီလား...ပြီးရင်လေ..ကျွန်တော့်hyungဆီသွားမလို့ခင်ဗျ..."
"ရွဲ့တာလား..ကောင်စုတ်ရဲ့..သွား..နောက်တစ်ခါငါဆီလာလို့ကတော့ ရိုက်သတ်မှာ...သောက်မြင့်ကိုကတ်တယ်...မင်းတို့နှစ်ကောင်က ငါ့ကိုဆိုဘယ်တော့မှ အကျိုးမပေးတဲ့ဟာတွေ"
ဟော...ချက်ချင်းကိုပင်..ယုန်တစ်ကောင်စိတ်ဆိုးပြန်ပြီ...
ကိုယ်တွေသူငယ်ချင်းတွေရဲ့ ဘဝကိုသနားတယ်....
ချစ်တာက သူတို့ထက်ကြီးတဲ့သူတွေ...
ကောက်မယ်စိတ်ဆိုးမယ်ဆို...ကိုယ်တွေအငယ်ကမဆိုးရဘူး...
တစိတ်ရှိ အကြီးတွေကသာစိတ်ဆိုးစိတ်ကောက်နေကြတယ်...
သနားစရာ ဘဝတွေပါလားဟယ်....