ကိုကို - ၅

4.5K 539 50
                                    

ကားပေါ်စူပုတ်ကာ မျက်မှောင်ကြီးကျုံ့လျက် ရှေ့ကိုရှုတည်တည်စိုက်ကြည့်နေသော ဘေဘီ ကိုကြည့်ကာ yoongi ပြုံးမိသည်..

စိတ်ဆိုးနေတာပဲ...

"Baby ဘာစားမလဲ...
ရှေ့က မုန့်ဆိုင်ဝင်မလား.."

ဘာမှမပြောပဲ ဘေးကိုမျက်နှာလွှဲသွားကာ အပြင်ကိုသာကြည့်နေတော့ မနေနိုင်တော့တဲ့အဆုံးမှာ မုန့်ဆိုင်ရှေ့ကားရပ်လိုက်သည်....

ကားရပ်ကာ ခါးပတ်ဖြုတ်လိုက်သည်နှင့် မကြည်သလိုလှည်ကြည့်လာသည့်မျက်လုံး..

"Baby မစားချင်ဘူး.
သွားမဲ့နေရာကိုပဲဖြောင့်ဖြောင့်သွား"

ဆက်ပြောနေလျင် ထ သောင်းကျန်းတော့မည် အရိပ်အယောင်ကို မြင်နေသည့်အတွက်...
ခါးပတ် ပြန်ပတ်ကာ လေဆိပ်ဘက်ကို ကားပြန်မောင်းထွက်ခဲ့သည်...

အမှန်တော့ baby ဆူပုတ်နေခြင်းမှာ သူလေဆိပ်ကိုအတင်းခေါ်လာသည့်အတွက်...
Baby သူငယ်ချင်း jungkook ဆိုတဲ့ကောင်လေးကို အတင်းဂျစ်ပြီး ကျောင်းပိတ်ရက်ကြီးကို ကျောင်းတက်ရမည်ဟု လိမ်ကာလာခေါ်ခိုင်းသတဲ့...
အကြောင်းရင်းက ကားပြိုင်ပွဲသွားမလို့ပါတဲ့လေ...

ဒီဘက်က ပြိုင်ပွဲတွေက သိပ်တရားဝင်တာတွေမဟုတ်..
အပျော်သဘောပြိုင်တာတွေမို့ အသက်အန္တရာယ်ထိခိုက်နိုင်သလို..
မတော်တဆ အဖမ်းပါခံရနိုင်သည့် အခြေအနေရှိသည်...

အဖမ်းခံရတာက အရေးမကြီးပါ...
အချုပ်ခန်းထဲ ၃ရက် ၄ရက်လောက်ပစ်ထားလိုက်ရင် baby မှတ်သွားမှာပင်...
သူ စိတ်ပူတာက တခုခုဖြစ်မှာ...
ကားမတော်တဆ မှောက်တာမျိုးတွေဘာတွေဖြစ်လျင် အသက်အန္တရယ်က စိုးရိမ်ရသည့်အခြေအနေမှာမို့ သူ တားမြစ်ထားရခြင်းဖြစ်ပါသည်....

အခု ကားပြိုင်ပွဲကို မသွားရဘူး..
ကိုကိုနဲ့ လိုက်ခဲ့...
ကိုကို့ သူငယ်ချင်းကိုးရီးယားက လာမှာသွားကြိုမယ်ပြောကာ အတင်းဆွဲတင်လာခြင်း...

ထူးဆန်းတာက..မနေ့ညကလို ကလန်ကဆန် အော်ဟစ် တာမျိုးမရှိပဲ
စူပုတ်လျက် လိုက်ပါလာတာဖြစ်သည်...

စေတနာတွေကိုနားလည်တတ်လာပြီထင်ပါ၏...

......................................................................

ကိုကို //Yoonmin (Zawgyi Version)Where stories live. Discover now